

စတော်ဘယ်ရီနဲ့ကီဝီသီးများကို ရေဆေးပြီး ကီဝီသီးကို အခွံနွာပါတယ်။ ဟင်းချက်နဲ့ ကီဝီသီးဟာ မှည့်ပြီး ပျော့အိနေတဲ့ အသီးမျိုးမဟုတ်ဘဲ မပျော့မအိတဲ့ ခပ်မာမာ အသီးကို အသုံးပြုဖို့ လိုပါတယ်။

စတော်ဘယ်ရီနဲ့ ကီဝီသီးများကို အနေတော် အတုံးလေးတွေ တုံးပါတယ်။

ပုဇွန်တစ်ချို့ကို ရေဆေး အကြောဖယ်ပြီး ဆား၊ အရသာမှုန့်၊ ဟင်းချက်ဝိုင် အနည်းငယ် ထည့် ပြီးနယ်ထားပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို ခပ်ကြမ်းကြမ်းလေး တောက်တောက်စင်းထားပါတယ်။ ငရုပ်သီး အနည်းငယ် ထည့်ပါမယ်။

ကြက်သွန်ဖြူ ကြက်သွန်နီကို ဆီသတ်ပါတယ်။ အရောင်များ မထည့်ပါ။

ထို့နောက် ပုဇွန်များကို ထည့်လိုက်ပါတယ်။ ပုဇွန်ကျက်လောက်တဲ့ထိ ကြော်ပါတယ်

ဒါကတော့ ကော်မှုန့် အနည်းငယ်၊ ရေအနည်းငယ်၊ ဆား၊ အသားမှုန့်၊ ပဲငံပြာရည် အကြည်၊ ရှာလကာရည်၊ နှမ်းဆီမွှေး၊ သကြားအနည်းငယ် တို့ရောမွှေထားတဲ့ အရောအနှောပါ။

အထက်က အရည်ကို ပုဇွန်အိုးထဲ လောင်းချပြီး မွှေလိုက်ပါတယ်။ ကော်ရည်တွေ ခပ်ပစ်ပစ် ဖြစ်လာအောင် ခဏ မွှေပေးပါတယ်။

ထို့နောက် ကီဝီသီး၊ စတော်ဘယ်ရီသီးနဲ့ ငရုပ်သီးတို့ကို ထည့်လိုက်ပြီး မွှေလိုက်ပါတယ်။

အသီးများကို ထည့်ပြီး တာနဲ့ မွှေလိုက်ပါတယ်။ ထို့နောက် အရသာ အပေါ့အငံမြည်းပြီး မိမိနှစ်သက်တဲ့ အရသာဖြစ်အောင် လိုအပ်တာတွေ ထပ်ထည့်ပြီးတာနဲ့ ကြက်သွန်မြိတ်လေး အနေတော်လှီးထားတာကို ခတ်ပြီး ချဖို့ပြင်ပါတယ်။ မီးပေါ် အချိန်ကြာကြာ မထားရပါဘူး။ ကီဝီသီးနဲ့ စတော်ဘယ်ရီတွေဟာ အပူချိန် ပြင်းရင် ချက်ခြင်း ပျော့အိသွားတတ်တာကြောင့် အမြင်လည်း မလှ အရသာလည်း ပျက်သွားတတ်ပါတယ်။ ဒါကြောင့် အဲဒီအသီးတွေကို အိုးထဲထည့်ပြီးတာနဲ့ ချက်ခြင်းဘဲ ခူးခတ်ဖို့ ပြင်ဆင်ရပါတယ်။

ချက်ခြင်း ခူးလိုက်တော့ အသီးရဲ့ မူလ အရသာလည်း မပျက်၊ ပုဇွန်ရဲ့ အရသာနဲ့ပါ ရောစပ်ပြီး အရသာ တစ်မျိုးထူးတဲ့ ပုဇွန်ရယ် စတော်ဘယ်ရီရယ် ကီဝီသီးရယ်ကို ချိုချဉ်လေး ကြော်ထားတာပါ။

ဟင်းရဲ့ အရသာက တကယ်ကောင်းပါတယ်။ ထမင်းလည်း မြိန်စေပါတယ်။ (မယုံရင် ချက်စားကြည့်ပါ) :P:P
by missgreenlady










0 comments:
Post a Comment