www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ဘိဖ်အလာမိုးဒ် (ဂျာမန်စာ)

ပါဝင်ပစ္စည်းများ
အမဲပေါင်သား (သို့မဟုတ်) မိုးခိုသား - ၅၀ ကျပ်သား
ဝက်ပေါင်သား - ၂၅ ကျပ်သား
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
နွားနို့စစ်စစ် - ၁၅ ကျပ်သား
Garlic Sauoe - အနည်းငယ်
မုန်လာဥနီ - ၂ လုံး
တရုတ်နံနံ - ၂ ပင်
ဆီ(သို့မဟုတ်) မာဂျရင်းထောပတ် - ၁၀ ကျပ်သား
ဒိန်ချဉ် - ၁၀ ကျပ်သား
ဂျုံမှုန့် - အနည်းငယ်
Cooking Sauce - ဇွန်းကြီး ၂ ဇွန်း
Tomatoes Sauce - ၃ အောင်စ
ပြုလုပ်ပုံအဆင့်ဆင့်
အမဲပေါင်သားနှင့် ဝက်ပေါင်သားတို့ကို ရေစင်အောင်ဆေးပါ။ ပြီးလျှင် အသားကိုယူပြီး သံချွန်ဖြင့် အပေါက်ထိုးဖောက်ပါ။ ၎င်းအပေါက်ထဲကို ဝက်သားအရှည်လိုက်ဖြတ်ပြီး ထိုးထည့်ပါ။ အားလုံးပြီးပါက Garlic Sauce နှင့် လူးထားပါ။ ဒိန်ချဉ်နဲ့နယ်ပြီးမှ လူးထားပါ။ ၁၅ မိနစ်ထားပါ။ အထက်ပါ ပြုပြင်ထားသော အသားတို့ကို (ရို့စ်) Roast ပြုလုပ်ပါ။
အသားကျက်လျှင် ဆယ်ယူ၍ ပါးပါးအလွှာ ကလေးများလှီးဖြတ်ထားပါ။ Roast အရည်ကို စစ်ယူထားပါ။ ပါးပါးမလွှာဘဲ အတုံးလိုက်ပြုလုပ်လဲ ရပါတယ်။ ပြုလုပ်မည့် ဒယ်အိုးတွင် ဆီအနည်းငယ်ထည့်၍ ကြက်သွန်နီဆီသတ်ပါ။ ပြီးလျှင် Tomaoes Sauce, Cooking Sauce ဆားဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် စစ်ထားသော Roast အရည်တို့ကို ထည့်ပြီး အနှစ်ပြုလုပ်ပါ။
အနှစ်ရပါက အထက်ပါ Roast ပြုလုပ်ထားသော အသားလွှာများကို ထည့်၍ နှပ်ပါ။ အသားမလွှာလဲပဲ အတုံးလိုက်ပြုတ်ပြီး ထည့်လို့ရပါတယ်။ အသားကျက်လျှင် စားမည့် ပန်းကန်ပုံစံကျစွာထည့်၍ အသားပေါ်အနှစ်ကို လောင်းပါ။
အသားဘေးမှာ အာလူး သို့မဟုတ် ပူဒီနာအပေါ်မှာ ကြက်သွန်နီအကွင်းလိုက်တင်ပြီး အနှစ်ကို လောင်းချ၍ ပေါင်မုန့်၊ ပျားရည်အရက်၊ ဝိုင်အရက်တို့နှင့် စားသောက်နိုင်ပါသည်။ ဆော့စ်ကိုလဲ ကြိုက်နှစ်သက်ရာ သုံးဆောင်နိုင်ပါသည်။ အမဲနှင့် ဝက်သည် ခရင်မ်နှင့် ထိလိုက်တာနဲ့ နူးညံ့စွာ စားလို့ရပါသည်။
Ref : The Flower News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်