ပါဝင်ပစ္စည်း
ငါးဖယ်ခြစ် - ၁၀ သား
ဆန် - အနည်းငယ်
စပါးလင် - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဆုံးတော့ ငါးဖယ်ခြစ်ကို ခါတိုင်းချက်သလိုပဲ ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ နနွင်းတို့နဲ့ ထောင်းပြီး အနေတော်အပြားလေးတွေ ဝိုင်းထားပါမယ် ပြီးရင် စပါးလင်၊ ကြက်သွန်နီ ဆီသပ်ပြီး ခုနက ငါးဖယ်ဝိုင်းလေးတွေကို အစိမ်းအတိုင်းထည့် ဆီသပ်ပါမယ်။ ငါးဖယ် ဆီမသပ်ခင် အရင်ဆုံး ဒယ်အိုးပူပူထဲ ဆန်ထည့်ပြီး အနံ့လေးသင်းလာတဲ့အထိ လှော်ပေးပါ။
ဆန်လှော်ပြီးရင် ငရုတ်ဆုံထဲထည့်ပြီး ထက်ပိုင်းကျိုးလောက်အနေအထားရအောင် နည်းနည်း ထောင်းပေးပါ။ ငါးဆုပ်အရောင်ပြောင်းသွားပြီး ဆီသပ်ထားတဲ့ အနှစ်တွေ နှံ့သွားပြီဆိုရင် ခုနက ထောင်းထားတဲ့ဆန်လှော်ကို ထည့်ပြီး ရေထည့်လိုက်ပါ။ ဆန်နူးသွားအောင် တည်ပြီး အရည်ကို အနေတော်လောက်ယူကာ အပေါ့၊ အငန် ညှိပြီးရင်တော့ ငါးဆုပ်ဆန်လှော်ဟင်းတစ်ပွဲ သုံးဆောင်လို့ရပါပြီ။
Ref : 7 Day News

0 comments:
Post a Comment