ဂျပန်နိုင်ငံမှဖက်ရှင်မဂ္ဂဇင်း မော်ဒယ်တစ်ဦးဖြစ်သူမာဆာကိုမီဇူတာနီ(Masako Mizutani) သည် အပြစ်ကင်းသော အလှအပနှင့် စမတ်ကျသော စတိုင်တို့ကြောင့် ဂျပန်လူထုအကြား ညှို့ယူဆွဲဆောင် နိုင်သော စတားတစ်ဦး ဖြစ်လာခဲ့သည်။ အလှအပရေးရာနှင့် အလှကုန်ပစ္စည်းများ ရေးသားလွှင့်တင်သော သူမ၏ ကိုယ်ပိုင် ဘလောဂ့် စာမျက်နှာမှာလည်း အမျိုးသား အမျိုးသမီး ပရိသတ်ပေါင်း များစွာနှင့် လူကြိုက်များလာခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဂျပန် အလှနတ်သမီးလေး၏ နောက်ကွယ်မှ စိတ်ဝင်စားဖွယ် လျှိ့ဝှက်ချက်မှာ မာဆာကိုသည် ၁၉၆၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး လက်ရှိအချိန်တွင် အသက် ၄၃ နှစ်အရွယ် အိမ်ထောင်ရှင်မ တစ်ဦးဖြစ်ကာ အသက်၂၀ အရွယ် သမီးမိန်းကလေး တစ်ဦး၏ မိခင်ဖြစ်နေခြင်းပင် ဖြစ်သည်။
“Masako’s Life Style” အမည်နှင့် အလှအပ ရေးရာများ မျှဝေ အကြံပေးလေ့ရှိသည့် ကိုယ်ပိုင်ဘလောဂ့် ရေးသားခဲ့သော သူမသည် ၂၀၀၉ ခုနှစ်က ဂျပန် ရုပ်သံ အစီအစဉ်တစ်ခုတွင် သူမ၏ အသက်အရွယ်ကို မမှန်းဆနိုင်သော ရုပ်ရည်နှင့် ပါတ်သက်၍ အလှအပရေးရာ လျှို့ဝှက်ချက်များကို မျှဝေဖော်ပြရမှ ကျော်ကြားသူ တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

မာဆာကို၏ ကိုယ်ပိုင်ဘလောဂ် Masako's Life Style စာမျက်နှာကို မြင်တွေ့ရစဉ်
လက်ရှိအချိန်တွင် သူမသည် နိုင်ငံတကာ စာမျက်နှာများတွင်ပါ
စတားတစ်ဦးကဲ့သို့ ကျော်ကြားလျက်ရှိပြီး ဖြစ်သည်။ တိုင်ဝမ် သတင်းဆိုက်
တစ်ခုမှ မာဆာကို၏ ဓါတ်ပုံများကို ဖော်ပြခဲ့သလို တရုတ်
မိုက်ခရိုဘလောဂ့်ဆိုဒ်ကလည်း “Japan’s Lady of Eternal Youth,”
(နုပျိုခြင်းများ မကုန်ဆုံးနိုင်သော ဂျပန်အမျိုးသမီး) ဟု ဖော်ပြကြပြီး သူမ၏
တရုတ်ပရိသတ်များ ပြုလုပ်ထားသော ဘလောဂ်ဆိုက်သို့ ပရိသတ်များစွာ
ဝင်ရောက်လျက်ရှိသည်။
အမျိုးသမီး မဂ္ဂဇင်းများတွင် မော်ဒယ်အဖြစ် ဖော်ပြခံရပြီးနောက် သက်လတ်ပိုင်း ဂျပန်အမျိုးသမီးတို့၏ အသည်းကျော် တစ်ဦးဖြစ်လာခဲ့သော သူမသည် အသားအရည် ပြုပြင်ထိန်းသိမ်းမှု အတွက် တစ်နေ့လျင် ၅ နာရီခန့် အချိန်ယူ လုပ်ဆောင်လေ့ရှိသည်ဟု ဆိုပါသည်။

အသက် ၄၃ နှစ်အရွယ် ရောက်သော်လည်း မအိုသေးတဲ့သူ အပျိုလေးနဲ့တူ ဆိုသော စကားကဲ့သို့ ဆယ်ကျော်သက်အလား ထင်မှတ်မှားရသော ဂျပန်မော်ဒယ် မာဆာကို မီဇူတာနီ ၏ အလှပုံရိပ်များကို မြို့တော်ပုသိမ် သတင်စဉ် ပရိသတ်များအတွက် ဖော်ပြလိုက်ပါသည်။






















Masako Mizutani ၏ ရုပ်သံ အစီအစဉ်
by PatheinCity News










0 comments:
Post a Comment