မိန်းကလေး
အများစု က ခန္ဓာ ကိုယ်မှာ တခြား နေရာ တွေထက် မျက်နှာ လေး လှ ဖို့ကိုပဲ
ဦးစားပေးကြတာပါ။ ဒါဆိုရင် မျက်နှာပေါ်က အစိတ်အပိုင်း တစ်ခုချင်းစီကိုလည်း
လှချင်ကြမှာပါပဲ။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ မျက်နှာပေါ်က အစိတ်အပိုင်းလေး
တစ်ခုဖြစ်တဲ့ နှုတ်ခမ်းလေးအကြောင်း ကို ဖော်ပြချင်ပါတယ်။ တချို့မိန်းကလေး
တွေဆိုရင် မျက်နှာလေးက လှပေ မယ့် နှုတ်ခမ်းပုံကမကျတော့ ကြည့်ရ တာ
တစ်ခုခုလိုနေသလိုပါပဲ။ အဲဒီလို ခဲတံနဲ့ နှုတ်ခမ်းပုံလေး ဘောင်ကွပ်ပြီး
နှုတ်ခမ်းနီဆိုးမှ လှတာပါ။ အလုပ်များ တဲ့နေ့တွေမှာဆိုရင် သူ့အတွက်
အချိန်ပေးရရင် အဆင်မပြေပါဘူး။ ဒီလိုဒုက္ခက ကင်းဝေးအောင် နှုတ်ခမ်း လေးကို
အမြဲပဲပုံစံကျနေအောင် နှုတ်ခမ်းကို အသေဘောင်ကွပ်ပေးတဲ့ နည်းလေးကို
ဖော်ပြပေးချင်ပါတယ်။ နှုတ်ခမ်းဘောင်ကွပ်တဲ့နည်းက
� ပထမဆုံး ပြုလုပ်မယ့် သူရဲ့ နှုတ် ခမ်းကို နှုတ်ခမ်းဆွဲခဲတံလေးနဲ့ ပုံဖော် ပြပါတယ်။ နှုတ်ခမ်းကြီးရင် သေး အောင်၊ သေးရင်ကြီးအောင် ပုံဖော်ပေး ရတာပါ။
� Customer က စိတ်ကြိုက်ဖြစ် ပြီဆိုရင်တော့ နှုတ်ခမ်းသားကို ထုံ ဆေးလေးတို့ပြီး ၁၅ မိနစ်လောက် ထားပေးရပါတယ်။
� နှုတ်ခမ်းသား ထုံလာပြီဆိုရင် တော့ စက်နဲ့ နှုတ်ခမ်းဘောင်ကို အရောင်ထည့်ပေးရပါတယ်။ အရောင် ထည့်တဲ့အခါမှာ အသားဖြူတဲ့သူဆိုရင် ပန်းရောင်လေးထည့်ပေးပြီး အသား ညိုတဲ့သူနဲ့ မည်းတဲ့သူဆိုရင်တော့ အနီရောင်လေး ထည့်ပေးတယ်လို့ သိရပါတယ်။ စက်နဲ့ထိုးတဲ့အခါ သွေးအနည်း ငယ်ထွက်ပြီး နာရီဝက်၊ ၁ နာရီ လောက်တော့ နှုတ်ခမ်းက ပျားတုတ် သလို ဖူးရောင်နေမှာဖြစ်ပါတယ်။ တခြားဘေးထွက်ဆိုးကျိုးတော့ မရှိ ဘူးလို့ သိရပါတယ်။ ကြာချိန်ကတော့ နာရီဝက်ပါပဲ။ ဒီလို နှုတ်ခမ်းဘောင်ကွပ်တာကို ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေ၊ သွေး မတိတ်ရောဂါရှိတဲ့သူတွေနဲ့ ထိခိုက် လွယ်တဲ့ Sensitive ဖြစ်တဲ့ အသား အရေပိုင်ရှင်တွေကတော့ မလုပ်သင့် ဘူးလို့ပြောပါတယ်။ ကျသင့်ငွေကတော့ ငွေကျပ် တစ်သောင်းခွဲပါ။ ဒီနှုတ်ခမ်းဘောင်ကွပ်တဲ့နည်း လေးကိုတော့ ရန်ကုန်မြို့၊ တောင် ဥက္ကလာပမြို့နယ်၊ သံသုမာလမ်း၊ ဇီဇဝါကွန်ဒို၊ အမှတ် ၂/၁၀၄၊ ဖုန်း-၅၆၁၈၁၄၊ ဝ၉၅၀၄၆၉၈၇ မှာရှိတဲ့ ရွှေမြင့်မိုရ် Beauty Training & Service Centre မှာ သွားရောက် လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။

0 comments:
Post a Comment