www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

My Opposite Sex On The View (မိုးအောင်ရင်)

မိုးအောင်ရင်
မိုးအောင်ရင်
ဒီကမ္ဘာလောကကြီးမှာ လူရယ်လို့ ဖြစ်လာပြီ ဆိုကတည်းက ယောက်ျား၊ မိန်းမ သတ္တ၀ါ နှစ်မျိုးသာ ရှိကြလေရဲ့…. အချိန်တန် အရွယ်ရောက်လာတဲ့ အခါမှာတော့ ယောက်ျားလေးက မိန်းကလေး၊ မိန်းကလေးက ယောက်ျားလေး ဒီလို ဆန့်ကျင်ဘက်တွေကိုသာ စိတ်ဝင်စား နှစ်သက်တတ် ကြပါတယ်……  ဘ၀အတွက် လက်တွဲဖော် အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ပြီး ဘ၀တစ်လျှောက်လုံး သာယာချမ်းမြေ့စွာနဲ့ ဖြတ်သန်းချင်တတ်တာ လူ့သဘာဝပါပဲ။ ဒါကြောင့် သရုပ် ဆောင် `မိုးအောင်ရင်´ ရဲ့ ဆန့်ကျင်ဘက် အမျိုးသမီးအပေါ် သူရဲ့အမြင်၊ သူရဲ့သဘောထားများကို တင်ပြရာမှာတော့………..
ကျွန်တော့်ကို ချဉ်းကပ်ပြီးမှ ချစ်တာများတယ်။ ကိုယ်ကအရင်ဆုံး ချဉ်းကပ်ပြီး ချစ်သွားတာ မရှိဘူး။
မိုးအောင်ရင်မိုးအောင်ရင်
Q. အမျိုးသားတစ်ယောက်ဖြစ်ရတဲ့အပေါ် ခံစားချက်။
A. ယောက်ျားလေးတစ်ယောက်ဖြစ်ရတာ အကုန်အကျ သက်သာတယ်။ လက်ဝတ်ရတနာတွေ အများကြီး မ၀တ်ရဘူး။ ဒီအတွက် ကျေနပ်တယ်။ မိတ်ကပ်လိမ်းရတာ၊ လက်ဝတ်ရတနာ ၀တ်ရတာလည်း မကြိုက်ဘူး ယောက်ျားဖြစ်လို့။
Q. ဒီနေ့ ဒီအချိန်ထိ နှစ်သက်သဘောကျမိတဲ့ မိန်းကလေး အရေအတွက်နဲ့ လက်ရှိအသက် ဘယ်ဟာပိုများလဲ။
A. ` ဗျာ´ ဘယ်လို၊ ယောက်ျားမှန်ရင်တော့ ပိုများမယ်ထင်တယ်။
Q. မိန်းကလေးနဲ့ ပတ်သက်ပြီး ရင်ခုန်တတ်ခဲ့တာ အသက် ဘယ်နှနှစ်လောက်မှာလဲ။
A. ကျွန်တော်(၇)တန်း၊ ၁၃နှစ်သားလောက်ကစပြီး မိန်းကလေးတွေနဲ့ ပတ်သက်လို့ ရင်ခုန်တတ်ခဲ့တယ်။
Q. ဘယ်လိုမိန်းကလေး ပုံစံမျိုးကို သဘောကျလဲ (သူငယ်ချင်း၊ ချစ်သူ၊ အိမ်ထောင်ဖက်)
A. ကိုယ့်အပေါ်သူငယ်ချင်းဖြစ်သင့်တဲ့ အချိန်မှာ သူငယ်ချင်းလို နေပေးပြီး၊ အစ်မလို လိုအပ်ခဲ့ရင် အစ်မတစ်ယောက်နေရာမှာ နေပေးတာ၊ ကိုယ်ရဲ့အမေလို လိုအပ်ရင် အမေလို နေပေးတာမျိုး အဲ့လိုမိန်းကလေးမျိုးကို သဘောကျတယ်။
Q. မိန်းကလေးတစ်ယောက်မှာ ရှိသင့်တယ်လို့ထင်တဲ့ Body Structure
A. အမျိုးသမီးတစ်ယောက်မှာ သူ့အရပ်အမောင်းနဲ့ သူ့ခန္ဓာကိုယ် အချိုးအစား ပြေပြစ်ပြီး ရှိသင့်ရှိထိုက်တာလေးတွေ ရှိတာကို ကြိုက်တယ်။
Q. မိန်းကလေးတွေရဲ့ အသံနဲ့ပတ်သက်ပြီး Feeling (အသံချို၊ အသံအော စသဖြင့် နှစ်သက်တာရှိလား)
A. အသံအောတာမျိုးကိုတော့ ကျွန်တော်မကြိုက်ဘူး။ သဘောကတော့ ဖုန်းကိုင်ရင် သူ့အစ်ကိုအသံလား၊ သူ့အသံလား ခွဲလို့မရဘူး။ အရမ်းကြီးနုရွတဲ့ အသံကိုလည်း မကြိုက်ဘူး။ မိန်းမပီသတဲ့ အသံလေး ရှိရင်ပဲ ရပါတယ်။
Q. သားယောက်ျားလေးတွေက အမေကို ချစ်တတ်ကြတယ်တဲ့ အဲဒီအပေါ်အမြင်၊ ဘာကြောင့်လို့ထင်လဲ။
A. စကားအရပြောရရင် မြွေမြွေချင်းခြေမြင်တယ်ပေါ့။ သူရဲ့သမီးက မိန်းကလေး ဖြစ်တဲ့အတွက် ဘယ်အရွယ်မှာ ဘာဖြစ်မလဲ သူသိပြီးသား၊ ယောက်ျားလေးကတော့ သူမသိတဲ့အတွက် အပြစ်မမြင်တဲ့ သဘောပါ။
Q. မိန်းကလေးနဲ့ပတ်သက်ပြီး စပြီး ရင်ခုန်တတ်ခဲ့စဉ်က သူနဲ့ နီးနီးကပ်ကပ် နေချင်မိတာ ဥပမာ – သူ့လက်ကလေး ကိုင်ချင်တာ၊ ပါးလေးကိုင်ချင်တာ၊ ဆံပင်လေးတွေ ပွတ်သပ်ချင်တာ၊ သူပြုံးတာကို ငေးကြည့်ချင်တာ စသဖြင့်ရှိခဲ့မှာပေါ့။ ပြောပြပါဦး။
A. ဒါကတော့ ကိုယ်စိတ်ဝင်စားတယ၊် ကိုယ်ကြိုက်တယ်၊ ကိုယ်ကချစ်တဲ့သူ မှန်ရင်တော့ အနည်းဆုံး လက်ကိုင်ချင်မယ်။ ဖက်ချင်မယ်။ သူ့အနားမှာနေပြီး သူနဲ့အတူတူ အချိန်တွေ ဖြုန်းချင်တာပေါ့။ ဒါကတော့ လူတိုင်းရဲ့ Felling လို့ ထင်တယ်။
Q. မိန်းကလေးတစ်ယောက်ကို နားလည်ရတာ ခက်လား။
A. တချို့ နားလည်ရခက်တဲ့ မိန်းကလေးမျိုး ရှိတယ်။ တချို့က နားလည်မှုရှိပြီး ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ အဲ့ဒီလို နှစ်ယောက်မှာ ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောတာကို သဘောကျတယ်။ မှန်းဆရတာလည်း ပိုလွယ်သွားတာပေါ့။
Q. မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ကြိုက်တဲ့အချက်၊ မကြိုက်တဲ့အချက်။
A. မိန်းကလေးတွေမှာ မိန်းမအရမ်းဆန်တာတွေ ရှိတယ်။ မိန်းမမကျ၊ ယောက်ျားမကျ ကြားနေမိန်းမမျိုး ရှိတယ်။ အရမ်းကြီး ယောက်ျားဆန်တဲ့ မိန်းကလေးလည်း ရှိတယ်။ ကျွန်တော်ကတော့ ယောက်ျားဆန်တဲ့ မိန်းကလေးကို ပိုသဘောကျတယ်။ ဘာကြောင့်လဲဆို ကျွန်တော် မိတ်ကပ်လိမ်းတဲ့ မိန်းကလေးတွေကို သဘောမကျဘူး။
မိုးအောင်ရင်မိုးအောင်ရင်
Q. စီးပွားရေးမှာဖြစ်စေ ၊ လူမှုရေး ပရဟိတ လုပ်ငန်းတွေမှာဖြစ်စေ ယောက်ျားတွေနဲ့ ရင်ပေါင်တန်းပြီး လှုပ်ရှားနေတဲ့ အမျိုးသမီးတွေကို ဘယ်လိုမြင်လဲ။
A. အဲ့ဒါကတော့ သူတို့မှာကလည်း ယောက်ျားစိတ်ရှိပြီး ယောက်ျားလေးတွေလို ရင်ပေါင်တန်းပြီးလုပ်တာပဲ၊ ဒါကို ကျွန်တော် ဘာမှမပြောလိုပါဘူး။
Q. မိန်းကလေးတစ်ယောက်ကို ချစ်မိခဲ့ရင် ဘယ်လိုစတင်ချဉ်းကပ်မလဲ။
A. ခက်တာက ကျွန်တော့်ကို ချဉ်းကပ်ပြီးမှ ချစ်တာများတယ်။ ကိုယ်ကအရင်ဆုံး ချဉ်းကပ်ပြီး ချစ်သွားတာ မရှိဘူး။
Q. အခုခေတ် မိန်းကလေးတွေကို ဘယ်လိုမြင်လဲ။
A. ကျွန်တော်ကိုယ်တိုင်ကလည်း ခေတ်လူငယ်ဗျာ။ သူတို့ကိုလည်း ခေတ်မီတာပဲ မြင်ချင်တယ်။ အဓိကကတော့ ခေတ်နဲ့အညီ ရင်ပေါင်တန်းနိုင်ဖို့က အဓိကပဲ။ ဒါပေမဲ့ တစ်ခုရှိတာက ခေတ်နဲ့အမီ လိုက်တာနဲ့ ဟော့ရမ်းပြီး ရိုင်းစိုင်းတာ၊ ယဉ်ကျေးမှု ပျောက်သွားတာလည်းရှိတယ်။ ခေတ်နဲ့အမီ လိုက်ပေမယ့် ယဉ်ကျေးမှု စည်းကမ်းတွေတော့ ရှိသင့်တယ်။
Q. တစ်ခါတလေမှာ `ဒီကောင်မလေးသာ ငါ့ညီမလေးဖြစ်ရင် ဘယ်လိုဆုံးမမယ်´ဆိုပြီး မျက်စိထဲ သိပ်သဘောမတွေ့တဲ့ ကောင်မလေးတချို့ ကြုံဖူးလား။
A. ရှိတာပေါ့။ ကျွန်တော်မှာလည်း ညီမ ရှိတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း မိဘတွေက အဝေးမှာ တစ်ယောက်တည်း နေရတဲ့အခါ အိမ်နဲ့ အဆင်မပြေဖြစ်ပြီး ကျွန်တော့်ဆီ လာတာတွေ ရှိတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်မိဘတွေကို ကိုယ်ချင်းစာလာတယ်။ ဘာကြောင့်လည်းဆိုရင် အခုအချိန်မှာ မိုးအောင်ရင်ရဲ့ အဖေကလည်း မိုးအောင်ရင်ပဲ မိုးအောင်ရင်ရဲ့ အမေကလည်း မိုးအောင်ရင်ပဲ ဖြစ်နေတယ်။ အဲ့ဒါက တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ထိန်းတယ်။ ကိုယ့်စည်းကမ်းကို ကိုယ်ချိုးဖောက်နေသူတွေကတော့ တခြားသော စည်းကမ်းတွေကို ချိုးဖောက်ဖို့ လွယ်သွားတယ်။ ဒါကြောင့်လည်း ကိုယ်က အကောင်းဆုံး အကြံဉာဏ် ပေးဖြစ်တယ်။
Q. မိန်းကလေး တစ်ယောက်ကြောင့် ဒေါသထွက်၊ ရန်ဖြစ်ဖူးလား… ဘာကြောင့်လဲ။
A. ဒါကတော့ သမီးရည်းစားရယ်လို့ ဖြစ်လာရင်တော့ အချင်းချင်း ဒေါသဖြစ်တာ၊ စိတ်ကောက်တာ၊ ရန်ဖြစ်တာတွေ လူတိုင်း ဖြစ်ဖူးမှာပါ။
Q. ကိုယ်နှစ်သက်တဲ့ မိန်းကလေးနဲ့ စကားပြောရတာ၊ သူ့လက်လေး ကိုင်ထားရတဲ့ Feeling က ဘယ်လိုမျိုးလဲ။
A. မိန်းကလေးတစ်ယောက်ကို လက်ကိုင်ထားရတဲ့ အချိန်မှာ အဓိကကတော့ လက်ကိုင်ဖို့က အဓိက မဟုတ်ဘူး။ အဓိကကတော့ သူ့နားမှာနေပြီး သူရဲ့ ကိုယ်ငွေ့ဓာတ်လေးကို ရရင်ပဲ ကျေနပ်တယ်။ ကိုင်ဖို့က အဓိကမဟုတ်ဘူး။
Q. စိတ်ပင်ပန်းလွန်းတဲ့အခါ၊ အထီးကျန်တဲ့ အခါ ခံစားချက်တွေ မျှဝေပေးနိုင်တဲ့ မိန်းကလေးအဖော် ရှိလား၊ (သူငယ်ချင်းဖြစ်စေ၊ ချစ်သူဖြစ်စေ၊ မိသားစုဆွေမျိုးဖြစ်စေ)
A. ရှိတာပေါ့ဗျာ။ အဖော်ဆိုတာ လူတိုင်းမှာ ရှိတာပဲ။ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း၊ နောက်ပြီး ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ဒါတွေက အဖော်တွေပဲ၊ သူတို့တွေက ကိုယ့်ကို ဘယ်လို ဖြည့်ဆည်းပေးနိုင်မလဲ။ တစ်ယောက်တစ်မျိုးစီပဲ။ ကိုယ်လိုအပ်တဲ့ အကူအညီကို သူတို့ဆီ တောင်းရမှာပဲ။
Q. ကိုယ်နှစ်သက်သဘောကျတဲ့ မိန်းကလေးက ရည်းစားရှိနေခဲ့ရင် လက်မှိုင်ချလိုက် မှာလား၊ ခံစားချက်တွေကို စိတ်ထဲမှာပဲ သိမ်းထားလိုက်တော့မှာလား။
A. ရည်းစားရှိတာပဲဗျာ။ ယောက်ျားရှိတာမှ မဟုတ်တာ။ ဒါကြောင့် ကိုယ့်အတွက် မျှော်လင့်ချက်ဆိုတာ ရှိပါတယ်။
Q. မိန်းကလေးတစ်ယောက်မှာ ရှိသင့်တယ်လို့ ထင်တဲ့ အရည်အချင်း…။
A. ဒါကတော့ အပြုအစု၊ စေတနာ၊ လိုအပ်တဲ့ အရည်အချင်း၊ တိုင်ပင်ဖော်တိုင်ပင်ဖက် ကောင်းတဲ့ အမျိုးသမီးမျိုးကို သဘောကျတယ်။ အဲလို အရည်အချင်းတွေ ရှိသင့်တယ်။
မိုးအောင်ရင်မိုးအောင်ရင်
Q. ဘယ်လိုမိန်းကလေးမျိုးနဲ့ မိတ်ဆွေဖွဲ့ချင်လ။ဲ
A. ကိုယ့်အပေါ် နားလည်ပြီး ပြဿနာဖြစ်လာရင်လည်း အကြံဉာဏ်တွေ ပေးတတ်တဲ့ မိန်းကလေးမျိုးကို မိတ်ဖွဲ့ချင်တယ်။
Q. မိန်းကလေးသူငယ်ချင်း ဘယ်နှယောက် ရှိလဲ။
A. ရှိပါတယ်။ တော်တော်များမယ် ထင်တယ်။
Q. ပြည်တွင်း/ပြည်ပ နာမည်ကြီး အမျိုးသမီးတွေထဲက ဘယ်သူ့ကို သဘောအကျဆုံးလဲ။
A. အရည်အချင်းရှိတဲ့ ပြည်တွင်း၊ ပြည်ပ နာမည်ကြီး အမျိုးသမီးတွေ အကုန်လုံးက တော်ကြလို့ပါ။
Q. မိန်းကလေးတစ်ယောက်အတွက် ပြုလုပ်ပေးခဲ့ဖူးတဲ့ Romantic အဖြစ်ဆုံး အပြုအမူ (ဥပမာ – ကဗျာစပ်ခြင်း၊ ဂီတာတီး သီချင်းဆိုပြခြင်း၊ Surprise လုပ်ပေးခြင်း)
A. ကျွန်တော်က မချစ်တတ်ဘူး။ Romantic မဆန်ဘူး။ အဲ့ဒီ အပြုအမူတွေကိုလည်း ငပေါလုပ်တာလို့ပဲ မြင်တယ်။ ကျွန်တော်လည်း ၀ါသနာ မပါဘူး။ ရည်းစားကိုလည်း ပန်းပေးရမှန်းမသိ၊ လက်ဆောင် ပေးရမှန်းလည်းမသိဘူး။
Q. မိန်းကလေးတွေက ကိုယ့်ကိုပြောတဲ့ စကားတွေထဲမှာ အမှတ်ရနေတဲ့စကား။
A. အမှတ်ရတဲ့ စကားကတော့ မရှိဘူး ထင် တယ်။ ပြောကတည်းက မဖြစ်နိုင်ဘူး။ ကိုယ့်ကို ညာနေတယ်ဆိုတာ သိတယ်။ ဒါကြောင့် အမှတ်ရလောက်တဲ့စကား ကျွန်တော့်မှာ မရှိဘူး။
မိုးအောင်ရင်မိုးအောင်ရင်
Presented by Minn Aike Soon
The Chic Magazine

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်