www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

သူဌေးဖြစ်ချင်ကြသလား? ( ရတနာသုံးပါး မမေ့ပါနှင့်)

"ဗုဒ္ဓ" ဘာသာ အစ "သရဏဂုံ"က....
ဘုရားရှိခိုးခြင်း အစ "နမောတဿ" က....

"ဗုဒ္ဓ" ဘာသာ အစ "သရဏဂုံ"က....ဆိုသည့်အတိုင်း "ဗုဒ္ဓ" ဘာသာ ၀င်ဖြစ်ဖို့ သရဏဂုံ ရွတ်ဆို ခြင်းက စတည်ရပါတယ်။
"ဗုဒ္ဓ" ဘာသာ အဖြစ်စတည်မယ်ဆိုရင် .....သရဏဂုံ တွေဖြစ်တဲ့...
“ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊ သံဃံ သရဏံဂစ္ဆာ မိ” (ဘုရားကိုဆည်းကပ်ကိုးကွယ်ပါ၏။ တရားကိုဆည်းကပ်ကိုးကွယ်ပါ၏။ သံဃာကို ဆည်းကပ်ကိုး ကွယ်ပါ၏) ကစခဲ့ ရတဲ့ အတွက် သရဏဂုံကို နေထွက်ရာ အရပ်မျက်နှာမူပြီး နေ့စဉ် ကိုးခေါက် ရွတ်ဆိုပါ။
ဘုရားရှိခိုးခြင်း အစ "နမောတဿ" က....ဆိုသည့်အတိုင်း
“နမော တဿ ဘဂ၀တော အရဟ တော သမ္မာသမ္ဗုဒ္ဓဿ” (အရဟံ ဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံတော်မူသောထိုမြတ်စွာ ဘုရားကိုရှိခိုးပါ၏။) ဟုနေထွက်ရာ အရပ်ကို ကိုးခေါက် မျက်နှာမူပြီး နေ့စဉ်မပျက်မကွက် သွားလာရင်းနဲ့ ပူဇော်ရင် နေ့စဉ် ဘေးရန် အန္တရာယ် ကင်းရှင်းပြီး လိုရာဆန္ဒတွေပြည့်ဝမှာပါ။

ဒီထက်ပိုပြီး စွဲမြဲစွာနဲ့ လတွေ ..နှစ်တွေ ချီလာရင်..ပိုပြီး အကျိုးထူးလာမှာပါ။
ဒီနည်းလေးက ကယားပြည်နယ်ထီးဆည်းခါးရွာ နားက ထီးဆည်းခါး ရေတံခွန်မှာ မေတ္တာတရားနဲ့ တစ်ပါးတည်း တောရဆောက်တည် သာသနာပြုနေတဲ့ ဆရာတော် တစ်ပါးမှ ၂၀၁၂ အောက်တိုဘာ မှာ ကယားပြည်နယ် လည်ပတ်ပြီးသွားဖူးတုန်းက မိန့်ကြားသောနည်းလေးဖြစ်ပါတယ်။ စမိန့်ကြားစက သူဌေးဖြစ်ချင်ကြသလားလို့ မေးပြီးမှ ဒီနည်းလေးပေးပါတယ်။
နှစ်တွေ လတွေ မပျက် အမြဲ မပျက် မကွက် ရွတ်ဆိုရင် သူဌေးဖြစ်ပြီး သာသနာပါပြုနိုင်ပါလိမ့်မယ်ဆို မေတ္တာဝါဒီ ရေတံခွန် ဘေးမဲ.တောရကျောင်း (ကယားပြည်နယ်)ဆရာတော်က မိန့်ကြားပါတယ်။
ဆရာတော်ကိုယ်တိုင် ကျောင်းတွေ စေတီတွေကို တည်ဆောက်ရာမှာ ရေတံခွန်က ရေထဲမှာ မျောလာတဲ့ ပံ့သကူ ပစ္စည်းတွေ ဖြစ်တဲ့ သစ်သားတွေနဲ့သာ သီတင်းသုံးကြောင်း...နတ်တွေကလည်း မကြာခဏ ကူညီကြောင်း၊ ထို့ကြောင့် သာသနာပြုဖို့ အဆင်ပြေလာကြောင်း မိန့်ကြားပါတယ်။

သမထ ဆန်သောနည်းဖြစ်ပေမယ့် အားရင် လျှောက်စဉ်းစားနေမယ့် အစား ဒါလေးတွေ ရွတ်ဆိုနေဖို့၊ လောကီရေးရာတွေ အဆင်ပြေဖို့ စေတနာအရင်းခံဖြင့်ထပ်ဆင့် ဖြန့်ဝေလိုက်ပါတယ်။

ပိုမို ပွားများနိုင်ရင်တော့ မိမိတို့ စရဏအလျောက် အကျိုးပေးလာပါလိမ့်မယ်။

သရဏဂုံတွေပွားများပြီး "ဗုဒ္ဓ" ရဲ့  ဥပါသကာတွေ ဖြစ်လာဖို့ အသိပေးလိုက်ရပါတယ်။

by အနှိုင်းမဲ့စာတိုပေစများ

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်