ပါဝင်ပစ္စည်းများ
ငါး
သံပရာသီး
ဆီ
ဟင်းခတ်မှုန့်
နနွင်းမှုန့်
ဆား
ကြက်သွန်နီ
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဦးစွာ ငါးကို သန့်စင်အောင် ပြုလုပ်ပြီး နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆားနှင့် သံပရာရည် တို့ကိုရော၍ သမအောင်နယ်ပါ။ ဆီပူလာလျှင် ငါးကို ကြော်ပါ။ ကြော်ထားသော ငါးများကို သပ်သပ်ဖယ်ထားပါ။ ဆီကျန်ထဲသို့ ကြက်သွန်နီကွင်းများကို ထည့်၍ မွှေပြီး ကြက်သွန် နွမ်းသွားသောအခါ ငါးကြော်များကို ထည့်၍ သံပရာရည် အနည်းငယ်ထပ်ထည့်ပြီး မွှေပါ။ ရေအနည်းငယ်ထည့်၍ ဆူလာလျှင် အရသာရှိသော ငါးသံပရာကြော်နှပ်ကို သုံးဆောင်နိုင် ပါသည်။
Ref : 8 Days

0 comments:
Post a Comment