www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ငါးမုန်ညင်းချဉ်

ပါဝင်ပစ္စည်းများ
ငါးကြင်း - ၁၅ ကျပ်သား
မုန်ညင်းချဉ် (အစိမ်း) - ငါးကျပ်သားခန့်
စပါးလင် (၂)ပင်၊
ငရုတ်သီးစိမ်း - အနည်းငယ်
ငရုတ်သီးခွဲခြမ်း - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဆုံး ငါးကြင်းကို လက်နှစ်သစ်စာ အတုံးလေးတွေတုံးပြီး နနွင်းနဲ့ ဟင်းခတ်မှုန့်နယ်ပါ။ ပြီးရင် ကြက်သွန်ဖြူနဲ့ စပါးလင်တစ်ပင်ကို ညက်အောင် ရောထောင်းပြီး နယ်ထာပြီးသား ငါးကြင်းထဲကို အရည်ပဲညှစ်ချပါမယ်။ အသားထဲ စိမ့်ဝင်သွားအောင် နောက်တစ်ကြိမ် ထပ်ပြီး နယ်ရပါဦးမယ်။
ငါးကိစ္စပြီးရင်တော့ ဝယ်လာတဲ့ မုန်ညင်းချဉ်ကို အပင်လိုက် ရေနည်းနည်းဆေးပါ။ ရေဆေး ပြီးတဲ့ မုန်ညင်းပင်တွေကို လက်တစ်သစ်စာ လှီးပါမယ်။ အဲဒီအချိန်မှာပဲ ငရုတ်သီးစိမ်းကို ထက်ခြမ်းလှီးထားပါ။ ခုနကျန်နေသေးတဲ့ စပါးလင်တစ်ပင်ကို အပေါ်ခွံတွေခွာပြီး အဖျားကို ဖြတ်ပါမယ်။ ပြီးရင် လေးစိတ်ခြမ်းလိုက်ပြီး ဓားပြားရိုက်ထားပါ။
ဆီအနေတော်နဲ့ ကြက်သွန်ဖြူနီ ဆီသပ်တဲ့အခါ အရောင်တင်မှုန့်မထည့်ဘဲ နနွင်းမှုန့်နဲ့ ငရုတ်သီးခွဲစိတ်ကြမ်းနဲ့ သပ်ပါမယ်။ ပထမဆုံး ငါးကြင်းတုံးလေးတွေ မထည့်ခင် လေးစိတ် ခြမ်းထားတဲ့ စပါးလင်ကို အရင်ထည့်ပါမယ်။ ပြီးမှ ငါးကြင်းကို ထည့်ပြီး ငရုတ်သီးစိမ်းနဲ့ လှီးထားတဲ့ မုန်ညင်းချဉ်ကို ပါထည့်လိုက်လို့ ရပါပြီ။ ငါးကြင်းတုံးလေးတွေက သေးတာကြောင့် ကြေမသွားအောင် အိုးကိုလှုပ်လှုပ်ပြီး မွှေပေးပါ။
ကြက်သွန်ဆီသတ်ထဲမှာ အားလုံးနှံ့သွားပြီးဆိုရင်တော့ ရေထည့်ပြီး အရသာအပေါ့ အငန် ညှိကာ ခဏအုပ်ထားလိုက်ပါ။ ငါးနံ့လေးပျောက်ပြီး မုန်ညင်းချဉ်နဲ့ ငရုတ်နံ့လေး သင်းလာပြီ ဆိုရင်တော့ ဆီကျန်ရေကျန် အနေအထားလေးနဲ့ စားသုံးလို့ရပါပြီ။
Ref : 7 Day

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်