www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

လက်ရှိသွင်ပြင်ထက် ပိုငယ်တယ်လို့ ထင်ရအောင်

အားရပါးရ ပြုံးပါ
သက်လတ်ပိုင်း အရွယ်တွေနဲ့ သက်ကြီးပိုင်း အရွယ်တွေဟာ မတူညီတဲ့ မျက်နှာသွင်ပြင် အနေအထား တွေနဲ့ ဓာတ်ပုံ ပေါင်းများစွာ ရိုက်ပြီး သူတိုရဲ့ လက်ရှိ အသက်အရွယ် တွေကို ခန့်မှန်းကြည့်စေခဲ့ ပါတယ်။ ခပ်တည်တည် မျက်နှာသွင်ပြင် တွေက လက်ရှိအသက်အရွယ်ကို ဖော် ပြနေတတ်ပြီး ထိတ်လန့်ကြောက်ရွံ့နေတဲ့ သွင်ပြင်တွေက ပိုပြီး အသက်ကြီးတယ် လို့ ထင်ရစေပါတယ်။ ပြုံးပျော်ရွှင်နေတဲ့ မျက်နှာတွေကတော့ လက်ရှိပုံစံထက် ပိုပြီး ငယ်တယ်လို့ ထင်ရစေပါတယ်။
ငယ်ရွယ်ပုံပေါက်အောင် မကြိုးစားပါနှင့်
အသက်ကြီးလာတဲ့အခါ လူတွေက လက်ရှိအသက်အရွယ်ထက် ပိုမိုငယ်ရွယ် တဲ့ ပုံပေါက်အောင် ကြိုးစားတတ်ကြပါ တယ်။ ဒီလို ကြိုးစားတာက ငယ်ရွယ်သူလို ပုံမျိုးမပေါက်စေဘဲ ပိုအသက်ကြီးတဲ့ပုံဖြစ် စေတတတ်ာကြောင့် ရှောင်သင့်ပါတယ်။
အသက်အကြောင်း လူငယ်များကို မေးပါ
သင့်ထက် အသက်ကြီးသူတွေက လူ တိုင်းဟာ သူ့လက်ရှိအသက်ထက် တစ်နှစ် ခန့် ပိုကြီးတယ်လို့ မြင်တတ်ပါတယ်။ သင့် ထက် အသက်ငယ်သူတွေကတော့ သင့် လက်ရှိအသက်ထက် ပိုငယ်တယ်လို့ မြင် တတ်တာကြောင့် စိတ်ချမ်းသာလိုရင် သင့် ထက် ပိုငယ်တဲ့သူတွေကို မေးကြည့်ပါ။

By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်