www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

အသားအရေ၏ ကောင်းခြင်းနှင့် ပြည့်စုံအောင်

အရေပြားဟာ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပါတယ်။ အရေပြားကျန်းမာရေးဟာ ကိုယ် တွင်း အင်္ဂါတွေရဲ့ ကျန်းမာရေးနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ ကိုယ် တွင်း အင်္ဂါတွေ ကျန်းမာရေးမကောင်းရင် အရေပြား ပေါ်မှာ ထင်ဟပ်နေတတ်ပါတယ်။ ဒါကြောင့် အသား အရေလှပဖို့ရာအတွက် စားတဲ့အစာ၊ သွားတဲ့နေရာ၊ ခံစားရတဲ့ ခံစားမှုစတဲ့ အရာရာတိုင်းက အရေးပါနေ ပါတယ်။
အသားအရေနှင့် အစားအစာ 
အသားအရေ လှပဖို့အတွက် အစားအသောက် စားရာမှာ ဗီတာများများ၊ အဆီနဲ့ ကာဗိုဟိုက် ဒရိတ်နည်းနည်းပါတာမျိုး ဖြစ်သင့်ပါတယ်။ ငါး၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေလို အင်တီအောက် ဆီးဒင့်များစွာပါတဲ့ အစာတွေကို စားရင် အသား အရေကို ကျန်းမာစိုပြည်စေပါတယ်။ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်စီ၊ ဗီတာ မင်အီးနဲ့ ဆီလီနီယမ်သတ္တုဓာတ်တို့ပါတဲ့ အစား အသောက်တွေကိုစားရင် အသားအရေကို ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
 အသားအရေနှင့် ဗီတာမင်အီး 
ဗီတာမင်အီး၊ စီတို့လို အင်တီအောက်ဆီးဒင့်ပါ တဲ့ ခရင်မ်တွေ လိမ်းပေးတာကြောင့် အသားအရေ ကို တင်းရင်းလှပစေပါတယ်။ အလားတူ ခေတ်စား နေတဲ့ Cocoa Butter ပါတဲ့ ခရင်မ်ကို လိမ်းပေးရင် အသားအရေမှာ အရေးကြောင်းကင်းစေသလို အရေး ကြောင်းပါးပါးတွေလည်း လျော့ကျစေပါတယ်။ ည အိပ်ရာမဝင်ခင် မျက်နှာသစ်ပြီး Cocoa Butter နဲ့ ဗီတာမင်အီး (ဒါမှမဟုတ်) ဗီတာမင်စီတို့ပါတဲ့ ခရင်မ် ကို လိမ်းပေးပါက နံနက်အိပ်ရာနိုးချိန်မှာ အသား အရေ နူးညံ့နေပါလိမ့်မယ်။
 အသားအရေနှင့် လေ့ကျင့်ခန်း 
လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အင်္ဂါတစ်ခုဖြစ်တဲ့ အရေပြားအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းအတွက် အကျိုးကျေးဇူး ရှိပါတယ်။ လေ့ကျင့်ခန်း လုပ်တာက သွေးလှည့်ပတ်မှုကောင်း စေတာကြောင့် အရေပြားဆီမှ အဆိပ်တွေ ထွက်ရှိ စေပါတယ်။ သွေးစီးဆင်းမှုပိုကောင်းလေလေ၊ အရေ ပြားဆီ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်ရောက်ရှိမှု များလေလေဖြစ်ကာ အရေပြားမှ ကော်လာဂျင်ထွက် ရှိစေပြီး အရေးကြောင်းကင်းစေပါတယ်။ လေ့ကျင့် ခန်းလုပ်ပြီးချိန်မှာ မျက်နှာကို ဆေးကြောပေးပါ။ လေ့ ကျင့်ခန်းလုပ်ချိန် တင်းကျပ်တဲ့ ခေါင်းစည်းကို စည်း ထားရင် ချွေးတွေကပ်ငြိစေပြီး အရေပြားကို ထိခိုက် စေနိုင်ပါတယ်။
 အသားအရေနှင့် အနားယူခြင်း 
ညတွေမှာ ဖယောင်းတိုင် မီးထွန်းပြီး သင့်မျက်နှာ ကို ကြည့်ကြည့်ပါ။ အလင်းရောင်အရှိန်ကြောင့် မျက် ကွင်းညိုတာ၊ အသားအရေ ဖျော့တော့တာ၊ မျက်လုံး ဖောင်း အစ်တာ စတဲ့ ပြဿနာတွေကို တွေ့ရပါလိမ့် မယ်။ တစ်ညမှာ ၇-၈နာရီလောက် အိပ်စက်အနား ယူတာက သင့်ခန္ဓာကိုယ်ကို ကျန်းမာစေသလို အသား အရေကို လှပကြည့်ကောင်းစေ ပါတယ်။ အိပ်တဲ့အခါ ပက်လက်လှန်ပြီး အိပ်တာအကောင်းဆုံး ဖြစ်ပါတယ်။
 အသားအရေနှင့် ခရမ်းလွန်ရောင်ခြည် 
အသားအရေကို ကာကွယ်ထိန်းသိမ်းမှုတွေ မလုပ်ဘဲ နေပူထဲသွားရင် အသားအရေထိခိုက်မှု ဖြစ် စေနိုင်ပါတယ်။ အရေပြားထိခိုက်မှု ၉၀ ရာခိုင်နှုန်း ခန့်က ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် ဖြစ် တတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြား ကင်ဆာဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နေရောင်ကာကွယ်နိုင်တဲ့ ခရင်မ်လိမ်းပြီး အသားအရေကို ကာကွယ်ပါ။ အထူးသဖြင့် ဇင့် အောက်ဆိုက်၊ တိုက်တေနီယမ်ဒိုင်အောက်ဆိုက်၊ အဗို ဘန်ဇုန်း (Avobenzone) တို့ပါတဲ့ နေရောင်ကာခရင်မ် ကိုလိမ်းပါ။ အနားကျယ်တဲ့ဦးထုပ်ဆောင်းတာ၊ လက် ရှည်အင်္ကျီဝတ်တာတွေကို လိုက်နာပေးပါ။ နံနက် ၁၀ နာရီနဲ့ နေ့လယ် ၂ နာရီကြား အပြင်မထွက်ပါနဲ့။
 အသားအရေနှင့် အသက်အရွယ်
အသက်ကြီးလာတဲ့အခါ အသားအရေက ပြောင်း လဲလာပါတယ်။ ခန္ဓာကိုယ်က ကော်လာဂျင်များများ မထုတ်နိုင်တော့တာကြောင့် အရေပြားတင်းအား လျော့ နည်းကာ အားနည်းလာတတ်ပါတယ်။ အရေပြား ဆဲလ်တွေလည်း ခပ်မြန်မြန်ဆုံးရှုံးလာပြီး အသစ်ဖြစ် ဖို့လည်း ခက်ခဲသွားတတ်ပါတယ်။ အိုမင်းနေတဲ့ အရေပြားအားကောင်းစေဖို့ အရေပြားဆဲလ်သေတွေ ကင်းအောင် ကြေးချွတ်ပါ။ အရေပြားခြောက်သွေ့မှု ကင်းအောင် အပြင်းစားဆပ်ပြာကို ရှောင်ပါ။ အစို ဓာတ်ထိန်းပေးပါ။ အရေးကြောင်းပါးပါးတွေ ကင်း အောင် ရက်တီနွိုက်ခရင်မ် ဒါမှမဟုတ် ဗီတာမင်စီခရင်မ် တွေ လိမ်းပေးပါ။ နေပြင်းပြင်းပူတဲ့အချိန်မှာ တတ်နိုင် သမျှ အရိပ်ထဲမှာပဲ နေပါ။
 အသားအရေနှင့် ကဖင်းဓာတ် 
ကော်ဖီနဲ့ လက်ဖက်ရည်ထဲက ကဖင်းဓာတ်ဟာ အသားအရေကို ရေဓာတ်ခမ်းခြောက်စေနိုင်ပါတယ်။ ဒါကြောင့် အရေပြားခြောက်သွေ့တတ်ပါတယ်။ ကဖင်း ပါတဲ့ ခရင်မ်ကို အရေပြားပေါ်လိမ်းပေးရင်တော့ နေလောင်ဒဏ်ကို ပြန်လည်သက်သာစေပြီး အရေ ပြား ကင်ဆာဖြစ်နိုင်ခြေ ကို လျော့ကျစေတယ် လို့ြွကက် တွေကို လေ့လာမှုအရသိရပါတယ်။ လူ့အရေပြားကို ကာကွယ်မှုပေးနိုင်သလားဆိုတာ စမ်းသပ်ဆဲပါ။
 အသားအရေနှင့် အရက် 
အယ်လ်ကိုဟောကို အလွန် အမင်းသောက်တာ က အသားအရေရော ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက ဆီးသွား စေတဲ့ အာနိသင် ရှိတာကြောင့် ရေဓာတ်ခန်းခြောက်စေ ကာ အရေပြားခြောက်သွေ့စေနိုင်ပါတယ်။ သွေးကြော တွေကို ကျယ်စေတာကြောင့် မျက်နှာကို နီမြန်းနေစေ ပါ တယ်။ အရက်သောက်တာ ကြာလာလေလေ၊ သွေးကြောထိခိုက်မှု ကြာရှည်ဖြစ်လာလေလေ ဖြစ် ကာ အရေပြားက နီမြန်းနေတတ်ပါတယ်။
 အသားအရေနှင့် ဆေးလိပ်
ခရမ်းလွန်ရောင်ခြည်ပြီးရင် အရေးကြောင်းနဲ့ အရေပြားခြောက်သွေ့မှု ဖြစ်စေတဲ့ ဒုတိယ တရားခံ က ဆေးလိပ်ပါ။ အသက် ၂၀အရွယ် ဆေးလိပ်သောက် သူတွေရဲ့ အရေပြားဟာ အရေးကြောင်းတွေ ရှိနေ တာကို မိုက်ခရိုစကုပ်အောက်မှာ မြင်ရနိုင်ပါ တယ်။ ဆေးလိပ်သောက်တာက အရေပြားဆီ သွေးစီးဆင်း မှု လျော့ ကျစေပြီး ကော်လာဂျင် ပြိုကွဲစေကာ အရေး ကြောင်းထင်စေနိုင်ပါတယ်။ အထူးသဖြင့် နှုတ်ခမ်းတစ် ဝိုက်တွေမှာ အရေးကြောင်းတွေ ပိုထင်စေနိုင်ပါတယ်။

By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်