ပါဝင်ပစ္စည်းများ
ထမင်း
ကြက်ကင်
ဆီချက်
မုန်လာဥနီ
တောင်ပေါ်မှို
ဖက်ဖယ်ရွက်
နံနံပင်၊ ပင်စိမ်း
မာဂရမ့်(ကချင်ဟင်းခတ်)
မကျန်ဆီ၊ ကြက်သွန်နီ/ဖြူ။
ပြုလုပ်ပုံအဆင့်ဆင့်
ကချင်ထမင်းကို မနက်မှာ ချက်မယ်ဆိုရင် ညကတည်းက မှိုကို ရေစိမ်ထားပြီး မနက်ရောက်မှ ကတ်ကြေးနဲ့ ညှပ်ထားပါ။ ကျန်တဲ့အသီးအရွက်တွေကို ရေဆေးပြီး လှီးထားပါ။
ကြက်ကင်ကို နွှင်ထားပါ။ ကြက်သွန် အဖြူနဲ့အနီကို နုပ်နုပ် စဉ်းပြီး ဆီချက်ချက်ထားပါ။ မာဂရမ့်နဲ့ မကျန်ဆီကို လှော်ပြီးထောင်းထားပါ။ အနေတော် ပန်းကန်လုံး တစ်လုံးစာရှိတဲ့ ထမင်းကို ဆားအနည်းငယ်ထည့်ပြီး ကြက်ကင်နဲ့ ရောနယ်မယ်။ ပြီးမှ နုပ်နုပ်စဉ်းထားတဲ့ ဖက်ဖယ်ရွက်နဲ့ ကျန်တဲ့ အသီးအရွက်၊ ဆီချက် အနည်းငယ်ထည့်ပြီး နယ်ပါ။ ဒါဆိုရင်တော့ အရသာပူရှိန်းရှိန်းနဲ့ ရနံ့မွှေးကြိုင်နေတဲ့ ကချင်ဒံပေါက်ရပါပြီ။
Ref : The Myanmar Times

0 comments:
Post a Comment