ပါဝင်ပစ္စည်းများ
ငါးရှဉ့်
ဆီ
ကြက်သွန်ဖြူ/နီ
မဆလာ
ဟင်းအနှစ်မှုန့်
ဟင်းခပ်မှုန့်
ဆား
နနွင်းမှုန့်
ချင်း
ပြုလုပ်ပုံအဆင့်ဆင့်
ငါးရှဥ့်ကို သေချာစွာရေဆေး၍ အသားလွှာများ အနေတော်လွှာပါ။ အသားလွှာများကို ဆား၊ နနွင်းမှုန့်၊ ဟင်းခပ်မှုန့်တို့ အချိုးကျထည့်၍ နယ်ပါ။ ကြက်သွန်ဖြူ၊ နီ၊ ချင်းနှင့် ဟင်းအနှစ်မှုန့်တို့ကို ညက်အောင်ထောင်းပါ။ ဆီပူလာလျှင် ထောင်းထားသော ဟင်းအနှစ်တို့ကို အနည်းငယ် ရေထည့်၍ ဆီပြန်လာသည်အထိ အဖုံးအုပ်ထားပါ။ ဆီပြန်လာလျှင် မဆလာနှင့် ပင်စိမ်းရွက်တို့ကို အုပ်ပြီး မြိန်ယှက်သောဟင်းအဖြစ် သုံးဆောင်နိုင်ပါပြီ။
Ref : 8 Days

0 comments:
Post a Comment