www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

မုတ်ဆိတ်မွေး ရိတ်ပြီးနောက် အသားအရေ ထိန်းသိမ်းနည်း

ဆပ်ပြာနဲ့ အယ်လ်ကိုဟော အခြေခံပြုလုပ်ထားတဲ့ မုတ်ဆိတ်မွေးရိတ်ပြီး အသုံးပြုရတဲ့အရည်တွေက အရေပြားကို ယားယံစေတာ ၊ ခြောက်သွေ့စေ တာ၊ ကြမ်းရှရှဖြစ်စေတာ စတာတွေကို ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် မုတ် ဆိတ်မွေး ရိတ်ပြီးချိန်မှာ သင့်အသားအရေကို ထိန်းသိမ်းဖို့ အောက်ပါ အ ချက်တွေကို လိုက် နာဖို့ လိုပါတယ်။
၁။ အယ်လ်ကိုဟော အခြေခံထုတ်ကုန် များကို ရှောင်ပါ
မုတ်ဆိတ်မွေးရိတ်ပြီး အသုံးပြုရတဲ့ အယ်လ်ကိုဟောပါဝင်တဲ့အရည်တွေက အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် မုတ်ဆိတ်မွေးရိတ်ပြီးတဲ့အခါ အသားအရေချောမွေ့စေပြီး အစိုဓာတ် ထိန်းပေးတဲ့ Balm လိမ်းပေးပါ။
၂။ကြေးချွတ်အားပြင်းသော ဆပ်ပြာကို အသုံးမပြုပါနှင့်
ဆပ်ပြာအများစုက အယ်လ်ကာလီ ဓာတ်တွေဖြစ်ပြီး အရေပြားက အနည်း ငယ်အက်စစ်ဓာတ်ဖြစ်နေပါတယ်။ မျက် နှာသစ်တဲ့အခါ၊ မုတ်ဆိတ်မွေးရိတ်တဲ့ အခါတွေမှာကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာဖြစ်စေ၊ မုတ်ဆိတ်ရိတ်ရာမှာ အသုံးပြုရတဲ့ အမြှုပ်ထစေတာဖြစ်စေ အသုံးပြု တာကြောင့် အသား အရေခြောက်သွေ့ ကာ အရွယ်မတိုင်မီ အရေးကြောင်းတွေ ကို ဖြစ်ပေါ်စေပါတယ်။
၃။ အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ
သင့်အသားအရေတွေခြောက်သွေ့နေပါက အရေပြားရဲ့ သဘာဝကာ ကွယ်စောင့်ရှောက်မှုစနစ် အားနည်းနေ တာကြောင့် အရေးကြောင်းတွေကို အ လွယ်တကူ ဖြစ်ပေါ်စေပါတယ်။ ဒါ ကြောင့် မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ အသားအရေခြောက်သွေ့ပြီး အရေး ကြောင်းတွေ ဖြစ်ပေါ်မှု နည်းစေအောင် အစိုဓာတ် ထိန်းခရင်မ် လိမ်းပေးပါ။ အများစု ပိုင်ဆိုင်ထားတဲ့ အရေပြားတွေက အစိုဓာတ်ထိန်းခရင်မ်လိမ်းထားတဲ့အခါ အစိုဓာတ်ကို ခြောက်နာရီ-၁၂နာရီအထိ သာ ထိန်းထားနိုင်ပါတယ်။ အဲဒီအချိန် ထက်ကျော်သွားရင်တော့ အသားအရေ ခြောက်သွေ့လာတာကြောင့် နောက် တစ်ကြိမ် ထပ်လိမ်းပေးဖို့ လိုပါတယ်။
၎။ ကြက်သီးနွေးရေနှင့်မျက်နှာသစ်ပါ
ရေပူပူကို အသုံးပြုပါက သင့်အရေပြားမှာ သဘာဝအတိုင်းရှိနေတဲ့ အဆီ တွေကို ဖယ်ရှားပစ်လိုက်ပြီး အသားအရေ ကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် သင့်အသားအရေအတွက် ကြက်သီးနွေးရေကို အသုံးပြုတာက အသင့်တော်ဆုံးပါ။ မုတ်ဆိတ်ရိတ်တာနဲ့ မုတ်ဆိတ်ရိတ်ပြီး မျက်နှာသစ်ရာမှာ ကြက် သီးနွေးရေ ကိုသာ အသုံးပြုပါ။
၅။ လက်သည်း၊ ခြေသည်းကို ဂရုပြုပါ
စစ်တမ်းကောက်ယူမှု အရ မိန်းကလေးအများစုက ယောကျာ်းလေးတွေရဲ့ လက်သည်း၊ ခြေသည်း ဂရုပြုမှုအပေါ် အကဲဖြတ်တတ်တာကို တွေ့ရပါတယ်။ သင့်မျက်နှာကို အမြဲဂရုပြုသလို လက်သည်း၊ ခြေသည်းတွေကိုလည်း ပုံမှန်ညှပ် ပေးပြီး ဘေးဆွယ်တွေကို သေချာစွာ တံစဉ်းနဲ့ တိုက်ပေးပါ။ ခြေထောက် ကို ချေးချွတ်ပေးပြီး အစိုဓာတ်ထိန်း ခရင်မ်လိမ်း တာတွေ ပြုလုပ်ပေးပါ။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်