www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

အမျိုးသားတို့ မုတ်ဆိတ်မွေး ရိတ်ရာတွင် အဆင်ပြေစေမည့် လမ်းညွှန်

မျက်နှာပေါ်က အမွေးတွေ ကင်းစင်ပြီး အသားအရေချောမွေ့စေ ဖို့အ တွက် လုပ်သင့်တဲ့ နည်းလမ်းတွေရှိပါတယ်။
အဆင့် (၁) မျက်နှာ ကိုအယ်လ်ကိုဟော မပါတဲ့ သန့်စင်ဆေး ရည် နဲ့ ဆေးကြော လိုက်ပါ။
အဆင့် (၂) ပြီးရင် မျက်နှာပေါ်ကို နွေးထွေးစိုစွတ်တဲ့ မျက်နှာ သုတ်ပဝါ အုပ်ကာချွေးပေါက်တွေ ပွင့်သွားအောင် လုပ်ပါ။ ဒါမှမဟုတ် ကြက် သီးနွေးရေနဲ့ ချိုးပြီးမှ အမွေးရိတ်ပါ။
အဆင့် (၃) အမွေးရှိတဲ့အရေပြားနေ ရာကို အမွေးရိတ်တဲ့ ခရင်မ်အား စက် ဝိုင်း ပုံအတိုင်း အပေါ်မြှင့်တင်ပြီး လိမ်းပေးပါ။ ဒီလိုလိမ်းပေးထားရင် အမွေးတွေက ရိတ်ရ လွယ်ကူစေပါတယ်။
အဆင့် (၄) အမွေးပေါက်ရာ လမ်းကြောင်းအတိုင်းရိတ်ပါ။ တစ်နေရာတည်းကို သုံးကြိမ်ထက် ပိုမရိတ်ပါနဲ့။ များများရိတ်ရင် အရေပြားကို စပ်ဖျဉ်း ဖျဉ်း ဖြစ်စေနိုင်လို့ပါ။
အဆင့်(၅) အမွေးရိတ်ပြီးချိန်မှာ နောက် ဆုံး ရေအေးနဲ့ သစ်လိုက်ပါ။ အယ်လ်ကို ဟောမပါတဲ့ အမွေးရိတ်ပြီးချိန်လိမ်းရတဲ့ ခရင်မ်ကို ခပ်ပါးပါး လိမ်းပေးပါ။ အမွေးရိတ်ဓားကို သုံးပြီးတာနဲ့ ရေနွေးနဲ့ ဆေးပါ။ ပြီးရင် သွားတိုက်တံ ထောင်ထားသလို မတ်မတ်ထောင်ထားပါ။ သုံးကြိမ်အမွေးရိတ်ပြီးချိန်မှာ ဘလိတ်ဓား ကို အသစ်လဲသင့်နေပါပြီ။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်