www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

အသားအရေ လှလိုသူတိုင်း လိုက်နာသင့်သော နည်းသုံးသွယ်

အသားအရေ လှပလိုသူတိုင်း လိုက်နာသင့်တဲ့ နည်းလမ်း သုံးရပ် ကို ဖော်ပြ လိုက်ရပါတယ်။
(၁) အသားအရေကို ညင်ညင်သာ သာကိုင်တွယ်ပါ မျက်နှာအသား အရေ အတွက် ကြမ်း တမ်းတဲ့ ကြေးချွတ်ဆေးတွေကို ရှောင်ပါ။ ပြီးရင် မျက်နှာ သုတ်ပဝါနဲ့ ခပ်ကြမ်းကြမ်း ပွတ်တိုက်တာမျိုးကိုလည်း မလုပ်သင့်ပါဘူး။ ဒီ နည်းတွေက အရေပြားကို စပ်ဖျဉ်း ဖျဉ်းဖြစ်စေပြီး အရွယ်မတိုင်ခင် အိုမင်းစပါတယ် ။ နောက် တစ်ချက်က အရေပြားကို လက်နဲ့ကိုင်တွယ်တာ၊ ကုတ်ခြစ်တာ မျိုးကိုလည်း မလုပ်သင့်ပါ။ အရေပြားရောင် ရမ်းတာနဲ့ အဖု အပိမ့်တွေရှိရင် အမာရွတ် ထင် လွယ်တာတွေ ဖြစ်တတ်ပါတယ်။
(၂) မီးခိုးငွေ့များကိုရှောင်ပါ စီးကရက်မှာပါတဲ့ ဓာတုပစ္စည်းတွေ ကသွေးကြောထဲမှတစ်ဆင့် အရေပြားကိုနွမ်းနယ်မှုဖြစ်စေနိုင်ပါတယ်။ သင့် အနေနဲ့ဆေး လိပ်မသောက် တတ်ရင်တောင် ဆေးလိပ်သောက် တဲ့ သူရှိတဲ့ အခန်း ဒါမှမဟုတ် စားသောက်ဆိုင်မှာ မပစ္စည်းတွေကို ရှူမိ တာကြောင့် အသားအရေကို ညစ်နွမ်း လွယ်စေနိုင်ပါတယ်။
(၃) နေ့စဉ် နေရောင်ကာခရင်မ်ကို မှန်မှန်သုံးပါ နေရောင်ကာခရင်မ်ကို မှန်မှန်လိမ်းဖို့ မကြာခဏ ကြားဖူးပြီးဖြစ်မှာပါ။ တကယ်ကော လိမ်းဖြစ်ပါရဲ့လား။ တချို့လူ တွေက နေပူဆာမလှုံတာကြောင့် နေ ရောင်ကာခရင်မ်ကို လိမ်းဖို့ မလိုအပ်ဘူးလို့ ထင်နေကြပါတယ်။ ဒီလို နေရောင် ကာခရင်မ်မလိမ်းဘဲ နေပူထဲ သွားတာ ကြောင့် အရေပြားရှိ ဆံချည်မျှင်သွေး ကြောတွေ ပေါက်ပြဲတာနဲ့ အမည်းစက် ထင်တာတွေ ဖြစ်တတ်ပါတယ်။

By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်