Spa
ပြုလုပ် တယ်ဆိုတာ ဟာ စိတ်ရော ခန္ဓာကိုယ် ပါ အရမ်း ကို ငြိမ်းချမ်း သွားစေ
ပြီး၊ အမှန်တကယ်ကို သက်သောင့်သက် သာဖြစ်စေကာ အရေပြားကို ကျန်းမာ စေပါတယ်။
ကြည်လင်ရှင်းသန့်တဲ့အရေ ပြားကို ပိုင်ဆိုင်ရတာကြောင့် Spa ပြု လုပ်ရတာကို
လူတိုင်းလိုလို ကြိုက်နှစ် သက်တတ်ကြပါတယ်။ ဒါပေမဲ့ မှန်ကန် ပြီး
နားလည်တတ်ကျွမ်းတဲ့သူက ပြုလုပ် ပေးဖို့တော့လိုပါတယ်။ မဟုတ်ရင် သင့်အ
ရေပြားအတွက် အန္တရာယ်ရှိပြီး ဓာတ်မ တည့်မှုတွေ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ
ဖြစ်ပါစေ အိမ်မှာပြုလုပ်လို့ရတဲ့ အိမ်တွငှ်းစေ ပြုလုပ်နည်းတွေ ရှိပါတယ်။
၁။ သန့်ရှင်းဖို့အဓိကကျပါတယ်
အဓိကကျတဲ့အချက်ကတော့ အိမ် မှာ Spa ပြုလုပ်တော့မယ်ဆိုရင် သင့် ပတ်ဝန်းကျင်ရော၊ သင် အသုံးပြုမယ့် ပစ္စည်းတွေရော သန့်ရှင်းစေဖို့ လိုပါတယ်။ ပထမဆုံး Spa ပြုလုပ်ချိန်မှာ အရေပြား ကို သန့်စင်စေဖို့ Cleansing Cream ကို သုံးကြရပါတယ်။ Cleansing Cream ကို ဆပ်ပြာမပါဝင်တဲ့ Cleanser မျိုးကို ရွေးပြီးသုံးပါ။ ဒါမှ သင့်အရေပြား ကို ပျော့ပျောင်းနေအောင် သန့်စင်နိုင် မှာပါ။
၂။ ရေနွေးငွေ့
ဒုတိယအဆင့်ကတော့ မျက်နှာကို ရေနွေးငွေ့ပေးဖို့ပါ။ ရေနွေးပွက်ပွက်ပေါ် ကို တဘက်တစ်ခုတင်ထားလိုက်ပြီး အဲဒီ အပေါ်က ထွက်လာတဲ့အငွေ့ကို မျက်နှာ နဲ့ ခပ်ခွာခွာလေးထားကာ ရေနွေးငွေ့ ရအောင် ပြုလုပ်ပါ။ ငါးမိနစ်၊ ခြောက်မိ နစ်လောက်ပေးပါ။ ပြီးရင် တဘက်ကို ဖယ်လိုက်ပြီး တဘက်ခပ်နွေးနွေးလေးနဲ့ မျက်နှာကို ညင်သာစွာ ပွတ်သပ်ပေးပါ။ ဒါဟာ အရေပြားပေါ်က ပထမသန့်စင် ထားတဲ့ ချွေးပေါက်တွေကို ပွင့်သွားပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၃။ Toner သုံးပါ
Toner ဆိုတာ မျက်နှာကို ထပ်မံ သန့်စင်ပေးတဲ့ပစ္စည်းတစ်မျိုးပါပဲ။ အရည် အသွေးကောင်းတဲ့ Toner ကို သုံးပေး တာကြောင့် ရေနွေးငွေ့ပေးထားတဲ့ မျက် နှာပေါ်မှာ အတွင်းပိုင်းအထိ နက်ရှိုင်းတဲ့ သန့်စင်မှုကို ရစေတဲ့အပြင် Toner ရဲ့ ကောင်းမွန်တဲ့ အရည်အသွေးတွေ အရေ ပြားထဲ ပိုမိုစိမ့်ဝင်နိုင်တာကြောင့် သင် သုံးတဲ့ အလှကုန်ပစ္စည်းရဲ့ အကျိုးရလဒ် ကို ပိုပြီး ခံစားရနိုင်ပါတယ်။
၎။ ပေါင်းတင်ပါ
တိုနာလိမ်းပြီးပြီဆိုရင်တော့ မျက်နှာ ပေါင်းတင်တဲ့ Mask သုံးရမှာပါ။ Facial Mask ကို သင့်အိမ်တွင်းမီးဖိုထဲက သစ်သီးတွေနဲ့ ပြုလုပ်နိုင်သလို သင့်အ ရေပြားအမျိုးအစားအလိုက် အသုံးပြုနိုင် တဲ့ မျက်နှာပေါင်းတင်အိတ်လေးတွေ ဈေးကွက်မှာ ဝယ်လို့ရနေပါပြီ။ အဆီပြန် တဲ့အရေပြားပိုင်ရှင်တွေအတွက် ပျားရည်၊ ဂျင်ဆင်း စတာတွေကို သုံးနိုင်ပြီး၊ ခြောက် သွေ့တဲ့အရေပြားပိုင်ရှင်တွေအတွက် အလှဆီပါဝင်တာနဲ့ အထိခိုက်မခံတဲ့ အ ရေပြားပိုင်ရှင်တွေအတွက် လက်ဖက်စိမ်း အမျိုးအစားကို ရွေးချယ်ပေါင်းတင်ပေး နိုင်ပါတယ်။ ပေါင်းတင်ပြီး မိနစ် ၂၀ အကြာမှာတော့ သေချာနှိပ်နယ်ပေးကာ ရေဆေးကြောပေးလိုက်ပါ။
၅။ ရေဓာတ်ဖြည့်ပါ
နောက်ဆုံးအရေးပါတာကတော့ ရေဓာတ် (Mositurizer) ပါပဲ။ ဒါဟှာစေ ပြုလုပ်တာရဲ့ အဓိကသော့ချက်ပါ ပဲ။ မျက်နှာလေး ဝင်းမွတ်ပြီး ရေဓာတ် ပြည့်ဝနေမှ အရေးကြောင်း ကင်းစင်မှာ ဖြစ်ပါတယ်။ ရေဓာတ်ပါဝင်တဲ့ မျက် နှာလိမ်းခရင်မ်ကို နောက်ဆုံး ညင်သာစွာ နှိပ်နယ်ပြီး မျက်နှာအနှံ့ကို လိမ်းပေး လိုက်ပါ။ အပြင်ထွက်မယ်ဆိုရင်တော့ SPF ပါဝင်တဲ့ Sun Cream တစ်ခုခု အရင်လိမ်းပြီး ဆယ်မိနစ်ကြာမှ နေပူထဲ ထွက်ပါ။ တစ်လကို နှစ်ကြိမ် ပုံမှန်ပြုလုပ် ပေးရုံနဲ့ ကောင်းမွန်တဲ့အရေပြားထိန်း သိမ်းမှု (Skin Care) ကို ရရှိမှဖြစ်ပြီး အရေးကြောင်း ကင်းစင်တဲ့မျက်နှာလေး ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
By Good Health

0 comments:
Post a Comment