www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ဆံပင်ဖြောင့်မည့်သူများအတွက် သိသင့်သည့်အချက်များ

ဆံပင်ဖြောင့်မည့် သူများအတွက် သိသင့်သည့် အချက်များ ကောက်သား ရှိတဲ့ ဆံပင်သား ဖြစ်ပါစေ ဖြောင့်စင်းပြီး လှပသွားတတ်ကြတယ်။ ဆံပင်သား ဖြောင့်စင်း လှပနေတာဟာ အ မျိုးသမီးတွေသာမက အမျိုးသားတွေပါ နှစ်သက်တတ်ကြတယ်။ ဆံပင်သား ဖြောင့်ချင် ကြတဲ့သူတွေက အကြောင်းပြ ချက်မျိုး စုံရှိကြတယ်။ ပင်ကိုကောက် သားရှိတဲ့သူတွေ၊ ဆံပင်သားက ဖြောင့် စင်းမနေဘဲ ပင်ကိုဆံပင်သား လှိုင်းတွန့် ပါသူတွေ၊ ဆံသား ကြမ်းတမ်း တဲ့သူတွေနဲ့ ဆံပင်ဖြောင့်စင်း နေတာကို သဘောကျ နှစ်သက်တဲ့သူတွေက ဆံပင်သားကို ပိုပြီး လှပနေအောင်နဲ့ ဆွဲဆောင်မှုရှိအောင် ဆံပင်ဖြောင့် တတ်ကြတယ်။
ဘယ်လို အကြောင်းကြောင့်ပဲ ဆံပင်ဖြောင့်ပါစေ။ အဓိကကတော့ ကိုယ့် ဆံသားနဲ့ ဦးရေပြားကို မထိခိုက်စေဘဲ လှပဖို့နဲ့ ပုံစံကျသွားစေဖို့လိုပါတယ်။ ဆံပင်ဖြောင့်တယ်ဆိုရင် လူအတော် များများက ဆံပင်တစ်ချောင်းချင်း ဖြောင်းစင်းနေတာကို သဘောကျတတ် ကြပြီး၊ နည်းနည်းလေးဆံပင်သား သိမ် နေမယ်၊ ကွေးနေမယ်ဆိုရင်တောင် မကြိုက်တတ်ကြဘူး။ ဒါဟာ ဆံပင် ဖြောင့်တဲ့သူတိုင်း ဖြစ်ချင်ကြတဲ့ ဆန္ဒတစ်ခုပါပဲ။ ဆံပင်သားဖြောင့်တော့ မယ်ဆိုရင် ဆံပင်မှာ အလွှာသုံးလွှာရှိပါ တယ်။ အရမ်းကို သေးမျှင်တဲ့ ကျွန်မတို့ရဲ့ ဆံပင်တစ်ချောင်းမှာ အလွှာသုံးလွှာပါ ဝင်နေတယ်လို့ ဆံပင်နဲ့ ဦးရေပြားဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောကြားထား ပါတယ်။
ဆံပင်ဖြောင့်တော့မယ်ဆိုရင် ပထမဆုံး ဖြောင့်ဆေးနဲ့အရင်ဆံပင်ကို ထိရပါတယ်။ ပြီးရင် ဆံပင်ဖြောင့်တာ ပိုပြီး ပုံစံကျစေဖို့အတွက် ဖြောင့်စက်ကို အပူဆုံးအဆင့်ပေးပြီး ဆံပင်ကို စက်ဆွဲ ပါတော့တယ်။ ဒီအချိန်မှာ ဆံပင်ရဲ့ အလွှာသုံးလွှာထဲက နောက်ဆုံး အ လွှာအထိ မီးအပူနဲ့ ဆေးတွေရောက် ရှိသွားမယ်ဆိုရင်တော့ ဆံပင်သားဟာ ဖြောင့်ထားတဲ့အပိုင်းဟာ ဦးရေပြားက ဆံပင်သားပေါက်လာလေလေ၊ အဖျား ပိုင်းက ဆံပင်သားရဲ့ အလေးချိန်နဲ့ အိကျ လာလေလေဖြစ်တာကြောင့် ကြာလာတဲ့ အခါမှာ ဆံပင်ထိပ်ပိုင်းက ပြောင်လာပါ တော့တယ်။ ဦးရေပြားကနေ ထွက်တဲ့ ဆံပင်ဟာလည်း တဖြည်းဖြည်း ပုံစံ ပြောင်းလာပါတော့တယ်။ ပင်ကို ဆံပင်သားကို ပြန်မရတော့ဘဲ တဖြည်း ဖြည်းနဲ့ ဆံပင်က ပါးလာပြီး ဦးရေပြားကို မြင်ရတဲ့အထိ ဖြစ်လာပါတော့တယ်။ ဒါကို ဦးရေပြား မာသွားတယ်လို့ခေါ်ပါ တယ်။
ဒီလိုအခြေအနေမှာ ဆံပင်ပေါက် တာလည်း နှေးလာတတ်ပါတယ်။ ဆံပင်ဖြောင့်တဲ့သူပဲဖြစ်ဖြစ်၊ ကောက်တဲ့သူပဲဖြစ်ဖြစ် အလှအပကို စိတ်ဝင်စားတဲ့သူတိုင်းဟာ ပုံစံတစ်မျိုး တည်းကိုစိတ်မဝင်စားဘဲ အမျိုးမျိုး စိတ် ရဲ့ အလှအပ ပုံစံဖန်တီးမှုကိုလိုက်ပြီး ပြောင်းလဲနေတတ်ကြပါတယ်။ ဒါ ကြောင့် ဒီနေ့ဆံပင်ဖြောင့်ပြီးပေမယ့် နောက်နေ့ ဆံပင်ကောက်ချင်ရင် ကောက်ချင်တတ်ကြပါတယ်။ ဒါကြောင့် ဆံပင်ဖြောင့်မယ်ဆိုရင် ဦးရေပြားကို အရမ်းကပ်ပြီး ဖြောင့်တာမျိုးကို မလုပ် သင့်ပါဘူး။ ဆံပင် အလွှာသုံးလွာထဲက ပထမအဆင့် အလွှာလောက်ကိုပဲ ဆံပင် ဖြောင့်ဆေးဝင်အောင် စက်ဆွဲပေးသင့် ပါတယ်။
ဒါမှ နောက်ထပ် ဘယ်လိုဆံပင် ပုံစံတွေပဲပြောင်းပါစေ သင့်ဆံပင်နဲ့ ဦးရေ ပြာကို မထိခိုက်စေဘဲ လှပတဲ့ ဆံပင် စတိုင်တွေကို နောက်ထပ်ဖန်တီးနိုင်မှာ ဖြစ်တယ်ဆိုတာကို သဘောပေါက်နား လည်နိုင်စေဖို့အတွက် ဆံပင်နဲ့မိတ်ကပ် အလှဖန်တီးသူ သင်းပျံ့နွယ်မှ မငယ်လေး က အကြံပြု ပြောပြ ပေးထားတာတွေကို အလှအပ ရေးရာတွေ စိတ်ဝင်စားတဲ့ သူ တိုင်းအတွက် ရေးသားတင်ပြလိုက်ရပါ တယ်။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်