www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ချစ်သူက မိမိအပေါ် ချစ်ခင်ကြင်နာယုယ အလိုလိုက်ပြီး မိမိစကားကို နားထောင်ဖို့

မိမိချစ်သူ(ရည်းစား)က မိမိအပေါ် ချစ်ခင်ကြင်နာမှုတွေ လျော့ပါးသွားလို့ သောကပွားနေရသူတွေ၊ ချစ်သူ(ရည်းစား)ရဲ့ ယုယအလိုလိုက်မှု မခံရလို့ စိတ်ဓာတ်ကျနေသူတွေနဲ့ ချစ်သူ(ရည်းစား)က မိမိရဲ့ ပြောစကားကို နားထောင်စေချင်သူတွေဟာ ဒီအစီအမံကို ဆောင်ရွက်ကြည့် စေချင်ပါတယ်..
 အဓိက လိုအပ်တဲ့ပစ္စည်းကတော့ တစ်လက်မစတုရန်းရှိတဲ့ ငွေပြားလေးတစ်ပြားဖြစ်ပါတယ်..ရန်ကုန်မြို့ဆိုရင် (၂၉)လမ်း(အောက်ဘလောက်)ရွှေပြား၊ ငွေပြား၊ ကြေးပြားကြိတ်တဲ့ ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူနိုင်ပါတယ်..အခြားမြို့တွေမှာဆိုရင် ပန်းထိမ်ဆိုင်၊ ရွှေဆိုင်တွေမှာ ၀ယ်ရင် ရနိုင်မယ် ထင်ပါတယ်..ငွေပြားပါးပါးလေးပါ.. အဲဒီ ငွေပြားလေးပေါ်မှာ ကညစ်နဲ့ဖြစ်စေ၊ မင်ကုန်သွားပြီဖြစ်တဲ့ ဘောလ်ပင်နဲ့ဖြစ်စေ အောက်ပါအတိုင်း ထောင့်လေးထောင့်မှာ “ ဇယံ၊ မေတံ္တ၊ သုခံ၊ သိဒံ္ဓ ” ဆိုပြီး ရေးရမယ်..




မိမိချစ်သူက အင်္ဂါဖွားဖြစ်ပြီး မိမိက သောကြာဖွားဆိုရင် အောက်ပါအတိုင်း ရေးရမယ်.
  အဲဒီလိုရေးပြီးရင် ငွေပြားကို အလိပ်ကလေးဖြစ်အောင် လိပ်လိုက်ပါ..ငွေပြားလိပ်ကလေးကို ရေအပြည့်ရှိတဲ့ ရေသန့်ဘူးထဲထည့်ပြီး ကိုယ့်အိပ်ရာ ခေါင်းရင်းဘက်မှာ ထားပါ..
  နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်(အိပ်ရာထ၊ အိပ်ရာဝင်) အဲ့ဒီရေဘူးကို အဖုံးဖွင့်ပြီး ညာလက်မှာကိုင် အောက်ပါအတိုင်း နှုတ်က (၃)ခေါက်ရွတ်ပါ..
  “ မိမိ(---)အပေါ် ချစ်သူ(---)မှ ချစ်ခင်ကြင်နာယုယ အလိုလိုက်ပြီး မိမိပြောစကားကို နားထောင်ပါစေ ”
အဲဒီလို ရွတ်ပြီးတဲ့အခါ ရေဘူးထဲက ရေကို မိမိတစ်ငုံသောက်ပါ..ရေဘူးထဲက ရေအနည်းငယ်ကို ရေဖလားထဲထည့်ပြီး မျက်နှာသစ်ရေနဲ့ ရောပြီး မျက်နှာသစ်ပါ..ရေချိုးရင်လဲ အဲဒီရေဘူးထဲက ရေအနည်းငယ်ကို ချိုးရေနဲ့ ရောချိုးပါ..သနပ်ခါး သွေးလိမ်းရင်လဲ အဲဒီရေဘူးထဲက ရေအနည်းငယ်ထည့်ပါ..
  မိမိ(---)ဆိုတဲ့ နေရာမှာ မိမိနာမည်ကို ထည့်ရွတ်ပါ..
 ချစ်သူ(---)ဆိုတဲ့ နေရာမှာ ချစ်သူရဲ့နာမည်ကို ထည့်ရွတ်ပါ..
ဒီအစီအမံမျိုးက (၁၅)ရက်မှ (၁၅)ပတ်လောက်အထိ ဇွဲရှိရှိလုပ်မှ အောင်မြင်တတ်ပါတယ်..

by myooyinlay

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်