www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

စေ့စပ်ကြောင်းလမ်း အမြန်ဆုံး ဖျက်သိမ်းရဖို့

 နှစ်ဖက်မိဘများရှေ့မှာ စေ့စပ်ကြောင်းလမ်းထားသူနဲ့ သဘောထားချင်း မတိုက်ဆိုင်တော့လိုဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ၊ စေ့စပ်ကြောင်းလမ်းဖျက်သိမ်းရဖို့ အမြန်ဆုံးလိုအပ်သူက ဒီအစီအမံကို ဆောင်ရွက်နိုင်ပါတယ်..
 အဓိကလိုအပ်မယ့် ပစ္စည်းကတော့ စွယ်တော်ရွက်တစ်ရွက်သာ ဖြစ်ပါတယ်..စွယ်တော်ရွက်ရဲ့ နှစ်လွှာ အလယ်တည့်တည့်အဖျားမှ အညှာထိ ကတ်ကြေးနဲ့ညှပ်၊ ပထမတစ်ရွက်ရဲ့ အတွင်းစာမျက်နှာမှာ အညှာမှ အဖျားဘက်ကို ဘောလ်ပင်နဲ့ အောက်ပါစာတန်းရေးရမယ်.
“ကို....နဲ့ မ...တို့၏ စေ့စပ်ကြောင်းလမ်းထားခြင်းကို အမြန်ဆုံး ဖျက်သိမ်းရပါစေ”
စွယ်တော်ရွက်ရဲ့ ဒုတိယတစ်လွှာအတွင်း မျက်နှာမှာလဲ အညှာမှ အဖျားဘက်ကို ဘောလ်ပင်နဲ့ အောက်ပါ အတိုင်း စာတန်းရေးရမယ်..
 “မ...နှင့် ကို...တို့၏ စေ့စပ်ကြောင်းလမ်းထားခြင်းကို အမြန်ဆုံး ဖျက်သိမ်းရပါစေ”
(သေချာအောင် နမူနာပုံကို ကြည့်ပါ.)

ပထမတစ်လွှာမှာ အမျိုးသားနာမည်က စတင်ရေးရပြီး၊ ဒုတိယတစ်လွှာမှာအမျိုးသမီးနာမည်က စတင်ရေးရန် ဖြစ်ပါတယ်..

စာရေးပြီးရင် စွယ်တော်ရွက် ပထမတစ်လွှာကို အိပ်ရာခေါင်းရင်းဘက်မှာထား၊ ဒုတိယတစ်လွှာကို အိပ်ရာခြေရင်းဘက်မှာထား၊ မွေ့ရာအောက် (သို့မဟုတ်) ဖျာအောက်မှာ ထားနိုင်ပါတယ်..
 နေ့စဉ် မနက်၊ နေ့လယ်၊ ညနေ၊ ည ဘယ်အချိန်မဆို အချိန်အားတိုင်း အဲဒီအရွက်တစ်လွှာစီကို ဘယ်လက်နဲ့ (၅)ချက်စီ ရိုက်ပုတ်ပေးပြီး၊ အဲဒီအရွက်လွှာမှာ ရေးထားတဲ့ စာသားအတိုင်း နှုတ်က ရွတ်ဆိုပေးရမယ်..
  စွယ်တော်ရွက်ပေါ်မှာ ရေးရမယ့် အချိန်က တနင်္လာနေ့ရဲ့ ညပိုင်း (၉)နာရီမှ (၁၀)နာရီခွဲအတွင်း ဖြစ်ရမယ်..
  ဒီအစီအမံဟာ (၇)ရက်မှ (၇)ပတ်အတွင်း အောင်မြင်တတ်ပါတယ်..
 ရန်သူမျိုးငါးပါးထဲမှာ မချစ်မနှစ်သက်သူဟာ တစ်ပါးပါဝင်ပါတယ်..

မချစ်မနှစ်သက်သောသူနဲ့ ရာသက်ပန် အတူနေထိုင်ပေါင်းသင်းရမယ်ဆိုရင် ကိုယ်ရောစိတ်ပါ ဆင်းရဲရဖို့ သေချာပါတယ်..ဒါကြောင့် အဲဒီလို လူတွေကို ကယ်တင်နိုင်ဖို့ ဒီအစီအမံဟာ လိုအပ်ပါတယ်ခင်ဗျား.

by myooyinlay

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်