ပါဝင်ပစ္စည်းများ
ကြက်သား၊ ပဲတောင့်ရှည်၊ ကြက်သွန်ဖြူ၊ ရှောက်ပလူးသီး၊ ပတဲကော၊ ချင်း၊ ငရုတ်ကောင်း၊ ငရုတ်သီးစိမ်း/ခြောက်၊ နနွင်း၊ ငါးငံပြာရည်။
ကြက်သားနဲ့ ပဲတောင့်ရှည်ကို သန့်စင်ပြီး အရွယ်တော်လှီးပါ။ ကြက်သွန်ဖြူ၊ ချင်း၊ နနွင်း၊ ပတဲကော၊ ရှောက်ပလူးသီး၊ ငရုတ်သီးခြောက်နဲ့ ငရုတ်ကောင်းတွေကို အားလုံး ရောထောင်းထားပါ။
ထောင်းထားတာတွေကို ဆီပူပူမှာ ထည့်ဆီသတ်ပြီး ကြက်သားထည့်ကြော်ပါ။ ချိုငန် အရသာအတွက် ကြက်သားမှုန့်နဲ့ ငါးငံပြာရည် ထပ်ထည့်ပါ။
ကြက်သားကျက်လောက်ပြီဆိုမှ ပဲတောင့်ရှည်ကို ထည့်ပြီး မွှေလိုက်ပါ။ ပြီးရင်ငရုတ်သီး စိမ်းကို အရှည်လိုက် ခွဲထည့်လိုက်ပြီး ဟင်းအိုးကို ချလိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ စပ်ရှိန်းရှိန်း အရသာနဲ့ ကြက်သားရှမ်းထောင်းကြော် တစ်ခွက်ကို မြည်းလို့ရပါပြီ။
Ref: The Myanmar Times

0 comments:
Post a Comment