ငါးကို ချဉ်စော်ခါးသီးနဲ့ ချဉ်ချဉ်စပ်စပ်လေး ဖြစ်အောင် ဘယ်လိုများ ပေါင်းမလဲ ဆိုရင်ဖြင့်
ထို့နောက်မှာတော့ အရသာအပြည့်နဲ့ ချဉ်ချဉ်စပ်စပ် ငါးချဉ်စော်ခါးသီးပေါင်းရပါပြီရှင်။
by missgreenlady
မိမိအိမ်ရှိ
စားမဲ့လူဦးရေအလိုက် ငါးအနေတော်ကို တစ်ကောင် (သို့မဟုတ်) တစ်ပိုင်းကို ဆား၊
အရသာမှုန့်တို့ဖြင့် နယ်ပြီး ထားထားလိုက်ပါတယ်။
ငါးကို ချဉ်စော်ခါးသီးနဲ့ ပေါင်းဖို့အတွက် ချဉ်စော်ခါးသီး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးတို့ကို လိုအပ်ပါတယ်။
ချဉ်စော်ခါးသီး၊
သုံးပုံတစ်ပုံ၊ ငရုပ်သီး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နံနံတို့ကို ခုလို
တောက်တောက် စင်းထားပါတယ်။ အစပ်ကြိုက်ရင် ငရုပ်သီးများများထည့်နိုင်ပါတယ်။
အပေါ်ကချဉ်စော်ခါးသီး၊
ငရုပ်သီးတို့ဖြင့် ငါးကို နှံ့အောင် နယ်ထားပါတယ်။ အဆာပလာ များပါက
ငါးဗိုက်ထဲသို့လည်း သွပ်ထည့်ပေးပါတယ်။ ဆား၊ ငံပြာရည် ၊ အရသာမှုန့်များ
အသားထဲထိ ရောက်ဖို့ အရသာ ခပ်လေးလေးဖြစ်စေရန် သတိပြုပါ။
အဆင်သင့်ဖြစ်နေသော ငါးကို ပေါင်းအိုး၊ ရေနွေးငွေ့ တို့ဖြင့် မိနစ် ၂၀ခန့် တစ်ဖက်စီ လှန်လှောက အကျက်ညီအောင် ပေါင်းပါတယ်။
by missgreenlady










0 comments:
Post a Comment