www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

မိမိအိပ်တဲ့ပုံစံနဲ့ စိတ်နေစိတ်ထား...



လူတစ်ယောက် အိပ်တဲ့ ပုံစံကို ကြည့်ပြီး သူ့ရဲ့ စိတ်နေစိတ်ထားကို
အကဲခတ်လို့ ရတယ်ဆိုရင် ယုံမလား။ အချို့ က ဘေးတစ်စောင်း၊ အချို့က
မှောက်လျှက်၊ အချို့က ပက်လက် အနေအထားနဲ့ တစ်ယောက်နဲ့ တစ်ယောက်
အိပ်ပုံခြင်း၊ မတူကြပါဘူး။ အခုဖော်ပြပါ အိပ်တဲ့ပုံစံအလိုက် စိတ်နေစိတ်ထား
ဘယ်လှိုရှိတယ်ဆိုတာကို ဟုတ်မဟုတ် တိုက်ဆိုင် ဆန်းစစ်ကြည့်ပါဦး။
၁။ ဘေးတစ်စောင်း အနေအထား။
သုတေသနပြုလုပ်ချက်အရ လူအတော်များများ ဘေးတစ်စောင်း အိပ်တတ်ကြပါတယ်။
လူတွေအားလုံးရဲ့ ၄၁ % လောက် ဒီပုံစံမျိုး အိပ်တတ်ပြီး အမျိုးသမီး
အရေအတွက် အမျိုးသားများထက် ၂ ဆ ပိုတယ်လို့ ဆိုပါတယ်။ ဘေးတစ်စောင်း
အိပ်တတ်တဲ့သူတွေ ဟာ အပြင်ပန်းက ကြည့်ရင် ခပ်တည်တည် တင်းတင်း ဖြစ်နေပေမယ့်
သူတို့ရဲ့ အတွင်းစိတ်ကတော့ နှုးညံ့နေတတ်ပါတယ်။ သူတို့တွေကို တစ်စုံ
တစ်ယောက်နဲ့ မိတ်ဆက်ပေးတဲ့အခါ အစပိုင်းမှာ ရှက်နေတတ်ပေမယ်။ ဒါပေမယ့်
ခင်သွားပြီးရင်တော သူတို့တွေဟာ နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး
ပေါင်းသင်းလို့ကောင်းတဲ့လူမျိုးတွေဖြစ်ပါတယ်။
၂။ ပက်လက်အနေအထား။
အချို့သူများဟာ ပက်လက်အနေအထားနဲ့ လက်နှစ်ဖက်ကလည်း
ခေါင်းအုံးအနားမှာထားပြီး အိပ်တတ်ကြပါတယ်။
သူတို့တွေကတော့ သူငယ်ချင်းကောင်းဖြစ်နိုင်ပါတယ်။ သူများပြောသမျှကို
စိတ်ရှည်လက်ရှည် နားထောင် ပေးတတ်ကြတယ်။ သူတစ်ပါးကို
အချိန်ပေးပြီးကူညီဖို့ ၀န်မလေးတတ်သူတွေပေါ့။ အတူလက်တွဲ ပြီး အလုပ်လုပ်
လို့ကောင်းတဲ့လူတွေလဲဖြစ်တယ်။ အတွေးအခေါ် အယူအဆ သစ်တွေကိုလည်း လက်ခံတတ်တယ်
ဆိုတာ သူတို့ အိပ်နေတဲ့ ပုံစံ အနေအထား ဖော်ပြပေးနေပါတယ်။နောက်ပြီး
သူတို့ဟာ လူအများရဲ့ အာရုံစိုက်ခံရမှုကို မနှစ်သက်ဘဲ ဘေးကနေ
ပံ့ပိုးပေးနေရတာကိုပဲ ကျေနပ်နေတဲ့ လူစားမျိုးပါ။
၃။ပက်လက်အနေအထားဖြင့် ခပ်တောင့်တောင့်ပုံစံ အိပ်တတ်သူများ။
လူတွေရဲက ၈% ကတော့ ဒီပုံစံမျိုး အိပ်တတ်ပါတယ်။ သူတို့ရဲ့
ခပ်တောင့်တောင့်အိပ်တတ်တဲ့ အနေ အထားက ဘာကိုဖော်ပြသလဲဆိုရင် သူတို့ဟာ
အနေအေးတယ်။ ကိုယ်ရဲ့ခံစားချက်ကိုလည်း သိပ်မဖော်ပြ တဲ့ လူစားမျိုးပေါ့။
နောက်ပြီး သူတို့ စိတ်မ၀င်စားတဲ့အရာ၊ အဖက်မတန်ဘူးဆိုတဲ့ဟာတွေကို
လုံးဝလှည့်မ ကြည့်တတ်ဘူး။ ထင်ထင်ပေါ်ပေါ်နေတတ်တဲ့ လူမဟုတ်ပေမဲ့
ရည်မှန်းချက်မြင့်မြင့်မားမား ထားတတ်တယ်။ တခြားသူတွေကိုလည်း သူတို့လို
ဖြစ်စေချင်ကြတယ်။ သူတို့ ညွှန့်ကြားချက်အတိုင်း အတိအကျ လိုက်နာစေချင်
ကြတယ်။
၎။ မှောက်လျက်ပုံစံ။
မှောက်လျက်အိပ်တတ်သူတွေဟာ ခေါင်းအုံးပေါ်လက်တင်ထားတတ်ပြီး ခေါင်းတစ်ဖက်ဖက်
ကိုလှည့်စေ စောင်းထားတယ်။ မှောက်ရက် အိပ်တာ အစာကြေလွယ်တယ်လို့ သိရပါတယ်။
ဒီလိုအိပ်တတ်တဲ့ အမျိုးသမီးတွေဟာ အပေါင်းအသင်းဆံ့ပြီးပွင့်ပွင့်လင်းလင်း
ပြောဆို တတ်ပါတယ်။သူတို့ကိုဝေဖန်ပြောဆိုတာမျိုးလုံးဝမကြိုက်ပါဘူး။
အခက်အခဲပြသသနာတွေကို ရင်ဆိုင် ဖြေရှင်းတဲ့အခါမှာလည်း
သိပ်မကျွမ်းကျင်ဘူးလို့ ဆိုပါတယ်။

by crazybag

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်