www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ကြက်ရိုးဟင်းချို အရောလေးပါ

ကြက်ရိုးဟင်းချိုအရောလေးပါ
မာမာဒီနေ့တော့ကြက်ရိုးလေးကိုဟင်းချိုလေးချက်ပါတယ် စပ်မိစပ်ရာလေးပေါ့
စိတ်ထဲမှာပေါ်လာတဲ့အတိုင်းချက်လိုက်တာမို့သောက်ရတာအရမ်း အရမ်းကိုချိုပြီးကောင်းပါတယ်
မာမာ့ကလေးတွေကအသားတွေချည်းချက်ရင်ကချီကချောင်ကြပေမဲ့အခုလိုရောတိရောရာလေးတွေချက်
တဲ့ဟိုရောဒီရော အရောဟင်းချိုလေးကိုတော့ကြိုက်ကြပါတယ် ရာသီဥတုကအေးချိန်မှာမိုးကပါဆွေနေပြန်တော့ဟင်းပူပူထမင်းပူပူနဲ့မှအဆင်ပြေမှာပေါ့နော်
ဒါကြောင့်မို့လဲဒီနေ့တော့လွယ်လဲလွယ်မြန်လဲမြန်တဲ့ကြက်ရိုးလေးပြုပ်ပြီးဟင်းချိုလေးတစ်အိုးချက်ဖြစ်ပါတယ်။
ကြက်ရိုးလေးပြုပ်ပြီးချက်ကြည့်မယ်နော်
လေးယောက်စာအတွက်အဆင်ပြေသလိုထဲ့ထားပါတယ်

  • ကြက်ရိုး
  • ပဲပြား
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငုံးဥ
  • ဆား
  • ပြောင်းဖူး
  • ခေါက်ဆွဲခြောက်
ပဲပြားလေးကိုတော့ဒီတဆိပ်လေးသုံးလိုက်ပါတယ် ဟင်းချိုရည်ထဲရောဖို့လိုတာလေးတွေပြင်ထားပါတယ် ငုံးဥကိုပြုပ်ပြီးအခွံခွာပေးထားပါ ပြောင်းဖူးကိုဓါးနှင့်ခြစ်ချပြီးထဲ့ပါတယ် ကြက်ရိုးကိုဆား ဟင်းခတ်မှုန့်တို့နဲ့နယ်ပြီးပြုပ်ပါ ကြက်ရိုးပြုပ်လို့ဟင်းရည်ကျလာပြီဆိုတာနဲ့အပေါ်မှာပြင်ထားတဲ့အစာပလာတွေထဲကခေါက်ဆွဲကိုချန်ထားပြီးအားလုံးကိုထဲ့ပါတယ် ဟင်းရည်ကိုထပ်ဆူစေပြီးမှခေါက်ဆွဲခြောက်ကိုထဲ့ပေးပါ ဟင်းရည်ပွက်ပွက်ဆူလာလျှင်အပေါ့အငံမြည်းပြီးမီးပိတ်ပေးပါတယ် အရသာချိုတဲ့ကြက်ရိုးဟင်းချိုအရောလေးပါ
by mmlazp

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်