ပထမဦးစွာ ကြက်ဟင်းခါးသီးကို ထိပ်ပိုင်းနှစ်ခုအား အနည်းငယ်လှီးဖြတ်ပြီး အရှည်လိုက် နှစ်ခြမ်းခွဲလှီးပါ။ ပြီးရင် အတွင်းနံရံမှာကပ်နေတဲ့ ကြက်ဟင်းခါးသီးအစေ့များအား ပြောင်အောင်ထုတ်ပစ်ပါ (မပြောင်လျှင် ပိုခါးတတ်သည်။) အစေ့ထုတ်ပြီးသား ကြက်ဟင်းခါးသီးများကို အတွင်းရော၊ အပြင်ပါ ရေစင်စင် ထပ်မံဆေးကြောပါ။ ပုံထဲကအတိုင်းအတွင်းနံရံတွေပြောင်တဲ့အထိ ဆေးကြောရပါမယ်။
ရေစင်စင်ဆေးထားတဲ့ ကြက်ဟင်းခါးသီးများအား မထူမပါး ကန့်လန့်လှီးပါ။ ပြီးရင် ဇလုံထဲ ဆားတွေအကုန်လောင်းထည့်ပြီး ကြက်ဟင်းခါးသီးကို ဖွဖွလေးအနှံ့ သမအောင်နယ်ပေးပါ။ (အားနဲ့နယ်ရင် ကြက်ဟင်းခါးသီးတွေ ကျိုးကြေကုန်ပြီး ပုံစံပျက်သွားတတ်ပါတယ်။) နယ်ပြီးသွားတဲ့ ကြက်ဟင်းခါးသီးကို ဆယ်မိနစ်ခန့် ဒီအတိုင်းထားလိုက်ပါ။
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို အခွံနွှာပြီး အနေတော်လှီးပါ။ ဆားနယ်ထားတဲ့ ကြက်ဟင်းခါးသီးကို နှံ့အောင် ထပ်နယ်လိုက်ပါ။ (ဒီတစ်ခါ အားနဲ့ထည့်နယ်နိုင်ပါတယ်။) ကြက်ဟင်းခါးသီးနဲ့ ဆားပျော်တဲ့အရည်တွေ ထွက်လာရင် ကြက်ဟင်းခါးသီးကို ရေနဲ့ဆေး၍ အရည်ညှစ်ထုတ်ပါ။ (အနည်းဆုံးသုံးကြိမ် ပြုလုပ်ပေးပါ။ နောက်ဆုံးအကြိမ် ကြက်ဟင်းခါးသီးမ









0 comments:
Post a Comment