နွေရာသီ ကျောင်းပိတ်ရက်ရောက်တုန်း ပင်လယ်ကမ်းခြေသို့
အပျော်ခ၇ီးတစ်ခေါက်ရောက်ခဲ့လေပြီ။ ဒီဖြစ်ရပ်တွင် ပင်လယ်ကမ်းခြေ၇ဲ့
အမည်နဲ့Hotel နာမည်ကိုတော့ထိန်ချန်ထားပါသည်။ ဘာလို့ လဲဆိုတော့... သူတစ်ပါး
နာမည် ထိခိုက်မှာ ... အကျိုးစီးပွားထိခိုက်မှာစိုးလို့ပါ ။ ပီးတော့
ဒီအဖြစ်ဟာလည်း ကမ်းခြေမှာအပန်းဖြေတုန်း ကြုံခဲ့ရတာပါ။ ကျွန်တော့်၇ဲ့
မိသားစုရယ် ..အဖေတော့မပါဘူးပေါ့ ကျွန်တော့်အဖေကတော့ သူ့
လုပ်ငန်းရပ်ထားလို့မရဘူးဆိုတော့ ... အိမ်မှာနေခဲ့လေရဲ့။ ကျွန်တော်တို့
မိသားစုက ကားတစ်စီး အိမ်ထောင်သည်ဖြစ်တဲ့ အမေ့ရဲ့ ညီမ ကျွန်တော့်
အဒေါ်ပေါ့လေသူတို့က ကားတစ်စီး ကမ်းခြေတစ်ခုသို့
အပျော်ခရီးထွက်ခဲ့ကြပါတယ်။ကျွန်တော်တို့ကားပေါ်မှာ အမေရယ် ညီလေးရယ်
ခရီးထွက်ရင် တစ်ယောက်တည်းကားမောင်းရင် ပင်ပန်းမှာစိုးလို့ဆိုပီး
ကျွန်တော်နဲ့ အသက် ၅ နှစ်လောက်ဘဲကွာတဲ့ ဦးလေးတစ်ယောက်ရယ် ကျွန်တော်ရယ်
ရှိပါတယ်။ ကားကိုတော့ ကျွန်တော်
တစ်လှည့်ဦးလေးတစ်လှည့်မောင်းတယ်ပေါ့။ အဒေါ်တို့ ကားမှာ အဒေါ်ယောကျာ်းရယ်
သူတို့ သားရယ်သမီးရယ် ချွေးမရယ်လိုက်ပါလာကြတယ်။ ကားကတော့ အဒေါ် ယောကျာ်း
ဦးလေးမောင်းတယ်ပေါ့လေ။ ဒီလိုနဲ့ သွားချင်တဲ့ ကမ်းခြေကို ရောက်ရှိလာခဲ့တယ်။
အဲဒီကမ်းခြေမှာရောက်ခါစမှာ ဘွတ်ကင်လုပ်ထားတဲ့ ဟိုတယ်ကို သွားကြတာပေါ့လေ။
ဟိုတယ်ရောက်ခါစမှာတော်တော်ကိုပျော်ပါတယ်
ဘာဖြစ်လို့လဲဆိုတစ်နေကုန်ကားစီးထားရတာဆိုတော့ အရမ်းကိုပင်ပန်းနေတယ်ပေါ့
။ ညောင်းညာပီးကိုက်ခဲနေတယ် ... အဲဒါနဲ့ ဘဲ ကျွန်တ်ာတို့ ဘွတ်ကင်လုပ်ထားတဲ့
အခန်းနံပါတ် ၃၀၃ ကို ဟိုတယ်-၀န်ထမ်းတစ်ချို့ က လိုက်ပြကြပါတယ်။ အခန်းကတော့
စုစုပေါင်း ၄ ခန်းယူထားတယ် ။ အော် မေ့နေတယ်အဘွားပါသေးတယ် အမေ့ရဲ့
အမေပေါ့လေ... အဒေါ် ရဲ့ ကားပေါ်မှာ အသက် ၁၂ နှစ်အရွယ်ညီမ ၀မ်းကွဲလည်းပါသေးတယ်
။ အကုန်စုစုပေါင်းဆယ်ယောက်ပေါ့လေ။ ကျွန်တော်ရယ် ကျွန်တော်ဦးလေး
ကျော်ကျော် ညီလေး သီဟ က အခန်းနံပါတ် ၃၀၃ မှာနေဖို့ ရွေးလိုက်ကြတယ် ။ အမေ၇ယ်
အဖွားရယ် ၁၂ နှစ် အရွယ် ညီမ ၀မ်းကွဲလေးက ကျွန်တော်တို့ အခန်းဘေးနားက ၃၀၄
ကို ရွေးကြတယ် ။ ကပ်ရပ်ပေါ့ ... အဒေါ်တို့ မိသားစုကတော့ တစ်ခြား ကပ်ရပ် ၂
ခန်းကိုရွေးကြတယ် ။.. အဒေါ်ရယ် သူ့ ယောကျာ်း ရယ် သူတို့ သမီး ရယ် တစ်ခန်း။
အဒေါ်ရဲ့ သား မင်းမင်းရယ်သူ့ မိန်းမရယ်က တစ်ခန်းနေကြတယ်။ ဟိုတယ်ရဲ့
အခန်းတွေကိုအကုန်လုံးရွေးပြီးတာနဲ့ ပစ်စည်းတွေထားပီး အကုန်လုံးက
ကမ်းခြေကိုပြေးသွားကြတယ် ။ ကျွန်တော်ကတော့ ကားလည်းမောင်းရတာဆိုတော့
ပင်ပန်းလို့ လားမသိ ။ ကျွန်တော်တို့ အခန်း ၃၀၃ မှာ ခန
နားဖို့ဆုံးဖြတ်လိုက်ပီး ကုတင်ပေါ်မှာ လှဲနေလိုက်တယ် ... ကျွန်တော် က
အခန်းရဲ့ မှန်ပြတင်းပေါက် ဘေးကကုတင်မှာလှဲနေတာ ပြတင်းပေါက်က
လိုက်ကာတွေဘာတွေနဲ့ပေါ့ ...လေကောင်းလေသန့်ရအောင်ဆိုပီး
လိုက်ကာကိုဆွဲပီး.... ခနမှေးနေလိုက်တယ်... အဲဒီမှာ မှန်ကို
ခေါက်သံကိုကြားရတယ် ... ဒေါက်ဒေါက်ဒေါက်ဆိုပီး ကျွန်တော်က
မှေးရုံသာမှေးနေတာ အခန်းနားကိုလူလာရင်တော့သိတယ်ရယ်
မှန်ပြတင်းတံခါးကိုတော့ပိတ်ထားတယ် ။
ဒါပေမယ့်မြင်နေရတယ်လေအဲကွန်းဖွင့်ထားတာပေါ့ ။ အဲဒါနဲ့ ဘယ်သူလာခေါက်တာလဲပေါ့
မှန်ပြတင်းပေါက်ကို ... ကုတင် နဲ့ မှန်ပြတင်းပေါက်က ကပ်ရပ်လေး
ကုတင်ပေါ်ထိုင်ပြီးကြည့်လိုက်တာနဲ့ အခန်းအပြင် အောက် ဘက်တွေပါ
မြင်ရတယ်ဘယ်သူမှပုန်းမရဘူး ။ ကျွန်တော်လည်း စိတ်တွေတွေဝေသွားတယ်
...ဘာတုန်းဟပေါ့ မှန်ခေါက်သံဘဲ ဘယ်သူမှလည်းမရှိဘူးပေါ့ ...
အဲဒါနဲ့ ထကြည့်ပီးဘယ်သူမှမတွေ့တာနဲ့ ကုတင်ပေါ်လှဲနေလိုက်တယ် ။ ခန မှေးခနဲ့
ဖြစ်သွားတုန်း မှန်ခေါက်သံပြန်ကြားရတယ် ။ အပြင်ဘက်ကို
လှမ်းကြည့်လိုက်တော့လူလည်းမတွေ့ဘူး ...
စိတ်ထဲမှာလည်းတစ်မျိုးကြီးဖြစ်နေတယ် ... ဒါပေမယ့်
ကျွန်တော်ကလည်းသိပ်မကြောက်တတ်တော့ ဒီတိုင်းဘဲမေ့မေ့ပျောက်ပျောက်ဘဲ ...
ဒီလိုနဲ့ နောက်ရက်တွေလည်း ကမ်းခြေမှာ ဂဏန်းကင်စားလိုက် ငါးကင်စားလိုက်နဲ့
ပျော်ပျော်ပါးပါးဘဲ ကုန်ဆုံးလာတယ်။ ဇာတ်လမ်းက ဘယ်နေ့မှာစတာလဲဆိုတော့ ၂
ရက်မြောက်နေ့မှာဘဲ ၂ ရက်မြောက်ဆိုတာ ရောက်တဲ့ ညနေ တော့မပါဘူးပေါ့ ။
နောက်ရက်ရဲ့ နောက်ရက်ပေါ့ ။ အဲဒီနေ့မှာစတာဘဲ ၂ ရက်မြောက်နေ့ မှာ
ကမ်းခြေကလည်း နွေရာသီဆိုတော့ နေ့ လယ်ပိုင်းဆိုပူတယ်လေ အဲဒါနဲ့
ပျင်းပျင်းရိရိရှိတာနဲ့ ဦးလေးရယ် ကျွန်တော်ရယ် ညီဝမ်းကွဲလေးရယ်
ကျွန်တော့်ညီရယ်လေးယောက်သားထိုင်ဖဲဝိုင်းလေးတစ်ခုလုပ်လိုက်တယ်။
အဲဒီဝိုင်းမှာကျွန်တော် နိုင်လိုက်တယ်ဗျ ... အဲဒါနဲ့ သူတို့ က ညကျ
ဆက်ချမယ်ပေါ့ ။ကျွန်တော်ကလည်းပြောလိုက်တယ် ညီဝမ်းကွဲလေး ကို
ဟေ့ကောင်ပေါ့မင်း မိန်းမက လွှတ်ရင်လာခဲ့ပေါ့ ပြုံးစိစိနဲ့ ပြောလိုက်တယ် ။
သူ့ မိန်းမကညဆိုမလွှတ်ချင်ဘူးကိုး ။ ဘာလို့ လဲတော့မသိ ... ဖဲဝိုင်းကလည်း
၇ှမ်းကိုးမှီးဆိုတော့ ၄ ယောက်လောက်မှကောင်းမှာကိုး.။ အဲဒါနဲ့ ည ၁၀
လောက်လည်းရောက်ရော ညီဝမ်းကွဲ က ရောက်ချပါလေရော ... ဖဲချမယ်ပေါ့
။ ဘေးကပ်၇ပ်ခန်းမှာ အဘွားတို့ အမေတို့က အနားယူနေကြတယ် ။
ဒါနဲ့ကျွန်တော်တို့လည်း ဖဲဝိုင်းလေး စထောင်တယ် ။ ဒါနဲ့ ပြောရဦးမယ်
..ကျွန်တောိတို့ အခန်းနံပါတ် ၃၀၃ ရဲ့အနောက်ဘက်က ဂိုဒေါင်ကြီးဗျ
..ဘာအခန်းမှမရှိဘူး ။ ဒါပေမယ့် အပေါ်ထပ်မှာတော့ရှိတယ် ဟိုတယ်အိမ်က၂ ထပ်
ကျွန်တော်တို့ အခန်း နံပါတ် ၃၀၃ က အောက်ထပ် မှာ လက်ဝဲ ဘက်အခန်းက အမေတို့ရဲ့
အခန်း။ ညာဘက်ကျတော့ လှေကားကြီး အပေါ်ထပ်အခန်းတွေကို တက်ဖို့ ။ အဲဒါနဲ့ ဖဲ
စရိုက်ကြတယ် ... ဖဲဝိုင်းကို ကုတင်ရဲ့အောက်မှာလုပ်လိုက်တာ
မွေ့ယာလေးခင်းပြီတော့ပေါ့ ကျွန်တော်တို့ နောက်မှာက အိမ်သာ .. အိမ်မှာ
တံခါးရဲ့ ရှေ့မှာက ဗီဒိုတစ်ခုရှိတယ် ဟိုတယ်တွေမှာ အ၀တ်တွေဘာတွေချိတ်ဖို့
ပေါ့ အဲဒီ ဗီဒိုက အခန်းရဲ့ အနောက်ဘက်ကပ်ရပ်ထားထားတာ ။ အဲဒီ ဗီဒို ကပ်ထားတဲ့
နံရံ ရဲ့ အနောက်ဘက်မှာ ဂိုဒေါင်ကြီးဘာအခန်းမှမဟုတ်ဘူး။ အဲဒါနဲ့
ကျွန်တော်တို့ဖဲ ရိုက်နေတုန်း ဆဲဆဲ မှာ ကလေးငိုသံ ကို ကြားလိုက်ရတယ် ...
ငိုသံက ကလေးငိုသံဘဲ ပထမတော့ .. ဟ ဖဲရိုက်နေတုန်းလုပ်ပီပေါ့
ဘယ်သူ့ဖုန်းလဲဟေ့ ပေါ့ ကျွန်တော်က ထအော်လိုက်တယ် အကုန်လုံးက
လည်း ကြောင်တောင်တောင်ဖြစ်ပီး ကျွန်တော်ကကြည့်တဲ့ ဘက်ကိုလိုက်ကြည့်ကြတယ်
ကျွန်တော်က ကလေးငိုသံလာတဲ့ ဘက်ကိုကြည့်နေတာ ကျွန်တော်စိတ်ထဲ တစ်ယောက်ယောက်
ဖုန်း သံ လို့ ဘဲ ထင်တာပေါ့ ။ အဲဒါနဲ့ သူတို့ကိုမေးတာပေါ့ ဘယ်သူ့ ဖုန်းလဲဟ
ပေါ့သွားကိုင်လိုက်ဦးပေါ့ ... အဲဒီလို ပြောတော့ ဦးလေးကော ညီ ၂
ယောက်လုံးကပါ ခေါင်းခါပီး ငါ့ဟာ မဟုတ်ဘူးဟငါ့ဟာမဟုတ်ဘူးဟ လို့
တစ်ယောက်တစ်ပေါက်ပြောကုန်ကြရော ပီးတော့ သူတို့က ပြောတယ် ငါတို့ ဖုန်း Ring
tone မှာ အဲလို ကလေးငိုသံထည့်မထားဘူးတဲ့ ရှိလည်းမရှိဘူးတဲ့ ။ အဲဒါနဲ့
ကျွန်တော်လည်း စဉ်းစားမရတာနဲ့ အသံလာရာဘက်ကိုကြည့်လိုက်တော့ ဗီဒိုထဲကနေ
လာနေတာဗျကြက်သီးထ စရာဗျာ ညကြီးမိုးချုပ် ဗီဒိုနောက်ဘက်ကလည်း
ဂိုဒေါင်ကြီးပီးတော့ ဒီ ဗီဒိုထဲလည်း ဘယ်သူမှဖုန်းထည့်ထားမှာမဟုတ် ။
ကျွန်တော်လည်းခေါင်းနပန်းတော်တော်ကိုကြီးသွားတယ် ... ကလေးငိုက
အဆက်မပြတ်ကိုလာနေတာဗျ ။ တော်တော်ကြောက်ဖို့ ကောင်းတယ် ။ ဒါပေမယ့်လည်း
အပေါ်ထပ်က ကလေးတွေများငိုတာလားပေါ့ နော့ ... အပေါ်ထပ်မှာလည်း လူနေတယ်လေ ...
ဒါပေမယ့် အပေါ်ထပ်က အသံဆို အပေါ် ထပ်ကလာရမှာလေ အခုဟာက ဗီဒိုထဲက လာနေတာ
သေချာပေါက်ကြီးကိုအနောက်ဘက်နံရံကလည်း ဂိုဒေါင်ကြီးရယ် အသံလာရာ ဘက်ကို
ခန့်မှန်းလို့ရတယ်ရယ် အဲဒါနဲ့ ကျွန်တော်တို့ အကုန်လုံးလည်း
ဖဲဝိုင်းသိမ်းပြီဟေ့ဆိုပီး လန့် ဖျတ်ပီး သိမ်းပလိုက်တယ် အိပ်တော့မယ်ပေါ့
...။ ညီဝမ်းကွဲလည်း သူ့ မိန်းမ ဆီတစ်ချိုးတည်းပြေးပါလေရော အဲဒါနဲ့
အဲဒီအခန်း ၃၀၃ ထဲကို ကျွန်တာ် ရယ် ဦးလေးရယ် ညီလေးရယ် မအီမလည်ကြီး
အိပ်စက်လိုက်ရပါတယ် ... သုံးယောက်ဆိုတော့တော်သေးတာပေါဗျာ။ အဲဒီအခန်းနံပါတ်
၃၀၃ ဒုက်ခပေးတာ အဲဒီတစ်ညတည်းမဟုတ်ဘူး.... နောက်နေ့ ၃ရက်မြောက်နေ့မှာ
နေ့လယ်ဘက်ကို ကျွန်တော်ကမ်းခြေကို ရေသွားချိုးတယ် ။ အခန်းထဲမှာ ဦးလေး
တစ်ယောက်တည်းနေခဲ့တာ သူက ခေါင်းကိုက်တယ်ဆိုပီး .. အခန်းထဲနေခဲ့တာ ညက
အဖြစ်အပျက်ရှိခဲ့ပေမယ့်လည်းနေ့လယ်ဆိုတော့ ကြောက်စိတ်သိပ်မရှိဘူးပေါ့လေ ။
အဲဒါနဲ့ အခန်းထဲကျန်ခဲ့တာ သူက အခန်းတံခါးတွေအကုန်ပိတ်
ပြတင်းပေါက်တွေအကုန်ပိတ်ပီး အဲကွန်း ဖွင့်ပီးနှပ်ကျန်နေခဲ့တာ
ကျွန်တော်တို့က ကမ်းခြေသွားမှာဆိုတော့ တံခါးမကြီးလည်းပိတ်ထားတာပေါ့ ။
အဲဒါနဲ့ ကမ်းခြေ က နေ ဆော့ပီးပြန်လာတော့ ဦးလေးကနေ အလန့်တကြားထွက်လာပီး ...
ဟေ့ကောင်တွေလုပ်ဦးဟ ငါ့ကိုခဲနဲ့ ထုလို့ ဆိုပီး မျက်စိမျက်နှာပျက်
ပြောတယ်ကျွန်တော်နဲ့ ကျွန်တော့် ညီကလည်း ဘာလဲ ပေါ့
ဘာဖြစ်တာလဲဆိုတော့ဦးလေးက ပြောတယ် သူအိပ်နေတုန်းတဲ့ သူ့ကိုယ်ပေါ် ခဲလုံး
တစ်ခုလာမှန်လို့တဲ့ ခဲလုံးက ၀င်စရာ အပေါက်မှမရှိတာတဲ့
ငါတံခါးပေါက်တွေအကုန်ပိတ်ထားတာဘဲတဲ့ သူ ပြတင်းပေါက်ဘေး မှာ အိပ်နေတုန်း
ခဲမှန်လို့တဲ့ ပီးတော့မှန်ပြတင်းပေါက်တွေကလည်း အကုန်ပိတ်ထားတာတဲ့ ... သူ့
ဆီဒီခဲကဘယ်လိုရောက်လာလည်းမသိဘူးတဲ့။ ကျွန်တော်တို့ လည်းလန့် ဖျတ်ကုန်တာပေါ့
... အဲဒီအချိန်မှာ ညီဝမ်းကွဲရောက်လာတယ် ညီဝမ်းကွဲလည်း
အဲဒီအကြောင်းကိုသိသွား အကုန်မျက်စိမျက်နှာပျက်ကုန်တယ် ။ အဲဒါနဲ့
စိတ်ပြေလက်ပျောက် ဟိုတယ် အပြင်ဘက်က ရွာထဲကိုခနသွားမယ်ဆိုပီး ပြောတာနဲ့
ကျွန်တော်က အိမ်သာ ခနသွားဦးမယ် အပေါ့သွားမလို့ ဆိုပီးအိမ်သာထဲ ၀င်လာတာနဲ့
ဘိုထိုင် အိမ်သာရဲ့ အပေါ်မှာ မှန်အသေးလေး ၂ချပ်ရှိတယ် လေ၀င်လေထွက်ရအောင်လို့
လား အလှလုပ်ထားတာလားတော့မသိဘူး... အဲဒီ မှန် ၂ ချပ်ကို လက်ဝါး ၂ဘက်နဲ့
ဒိုင်းခနဲ့ ရိုက်လိုက်သံကိုကြားရတယ် ကျွန်တော်လည်း အပေါ့သွားနေရင်း လန့်
ဖျတ်သွားတာပေါ့အဲဒါနဲ့ အိမ်သာဘေးက ရေထွက်ပေါက်ကို
အမှတ်တစ်မဲ့ကြည့်မိတယ်ဟိုတယ် အိမ်သာက ရေချိုး ခန်းနဲ့ တွဲထားတာ....
ရေချိုးရဲ့ ရေဆင်းအောင်ဆိုပီး ဇကာ ပေါက်လို သံ ဇကာပေါက် တစ်ပေါက်ရှိတယ်
အပြားလေးနဲ့ ပေါ့အဲဒီ သံဇကာပေါက် မှာ ဆံပင်ရှည်တွေကိုတွေ့တယ် ဘယ်သူ့
ဆံပင်တွေပါလဲပေါ့... အမှန်က ဒီအခန်းမှာ နေတဲ့ ဦးလေး ညီ
ကျွန်တော်ဘယ်သူမှဆံပင်ရှည်မရှိဘူး အကုန် အတိုတွေချည်းဘဲ အခု ဟာက မိန်းမ
လိုဆံပင်တွေဆံပင်ရှည်တွေ အထွေးလိုက် ကိုတွေ့တာ ...
ကျွန်တော်ခန်ဓါကိုယ်လည်းဒိန်းခနဲ့ ဆို နှလုံးတောင်ရပ်သွားမတတ်ဘဲ
ထိတ်လန့်သွားတယ် ။ ခေါင်းလည်းတော်တော်ကိုက်နေပြီ စဉ်းစားလို့ မရဘူး..
အဲဒါနဲ့ အိမ်သာထဲက ခပ်မြန်မြန်ထွက်လာပီး ညီအစ်ကိုတွေနဲ့ ရွာဘက်ကို
ခနသွားလည်လိုက်တယ် ပီးတော့ ပြန်လာတယ်ပေါ့ နောက်နေ့ မနက်ဆိုပြန်တော့မှာလေ
အဲဒါကြောင့်ရွာထဲကိုခနလည်လိုက်တာ ။ ပြန်လာတော့ ရေချိုးခန်းထဲက
ဆံပင်တွေအကြောင်းကို ကျွန်တော်အဘွားတို့ အခန်းထဲကို ၀င်ပီး
မေးလိုက်တယ်အဘွားတို့ အမေတို့ များ ၀င်ပီးတော့ ရေချိုးသေးလားပေါ့
အဲဒါကြောင့်ဆံပင်တွေကျွတ်နေတာလားပေါ့ အမေတို့ အဘွားတို့က မ၀င်ပါဘူးဟငါတို့
အခန်းထဲ သုံးတာပေါ့ နင်တို့ အခန်းရေချိုးခန်းထဲဝင်တောင်မ၀င်ဖူးဘူးတဲ့...
ကျွန်တော်လည်း တော်တော်ကို စိတ်လှုပ်ရှားနေမိပြီပေါ့ ။ အဲလိုပြောတော့
အမေတို့ အခန်းထဲမှာ အိပ်တဲ့ညီမ၀မ်းကွဲလေးက တော်တော်ကြောက်နေပြီ
တုန်တောင်တုန်နေတယ် မနည်းချော့သိပ်ရတယ် သူကလည်းပြောတယ် ညဘက်တွေဆို အဲဒီ
အနောက်ဘက်နံရံက နေ အသံတွေကြားမိတယ်တဲ့။ ညီမလေးဝမ်းကွဲပြောပြတာ
သူလည်းသိပ်နားမထောင်ရဲဘူးပေါ့ ... ကျွန်တော်တို့ အဲလိုတွေပြောနေတာကို
ဟိုဘက် အခန်းဘက်က အဒေါ်တို့မိသားစုက ဘယ်လိုကြားသွားလဲမသိဘူး သူတို့
ကလည်းတော်တော် ကြောက်နေကြတယ် ... အဒေါ် ရဲ့ ယောက်ျား ကလည်း
လူလူချင်းဆိုဘယ်သူ့မှမကြောက်ပေမယ့် သရဲ ဆိုတာနဲ့ တန်းပီး ပြေးတဲ့
လူစားမျိုးသူတို့ လည်းကြောက်နေကြတယ် ။ ကျွန်တော်တို့ ဆို
တွေးသာကြည့်တော့အဲဒီအခန်းထဲ နေကြရမှာ အဲဒါနဲ့ အဲဒီအကြောင်းကို အမေတို့
အခန်းထဲမှာ ဦးလေးကော ညီလေးကော အကုန်တူတူစုပီး ပြောဖြစ်ကြရော ။ ကြောက်တဲ့
အကြောင်းတွေ ဘယ်လိုခြောက်နေတာတွေ ... ပီးတော့ ပီးတာဘဲ
နောက်ဆုံးတော့လည်းကိုယ့် အခန်းကို ပြန်ပြီးအိပ်ကြရရော အဲဒါနဲ့ ဦးလေးရယ်
ညီရယ်ကတော့ နေ့ဘက်တုန်းက တော်တော်ကမြင်း ထားတော့ပင်ပန်းပြီးအိပ်သွားရော ။
ကျွန်တော် က အဲဒီ နေ့ တစ်နေကုန် အိမ်သာ မတက်ရသေးဘူး ဗျ ။..
စိတ်ကလည်းညစ်နေပြီ ည ကြီးမိုးချပ် အိမ်သာ တက်ချင်လို့ ကတော့ သေပီဆရာဘဲပေါ့ ။
မဖြစ်ချင်တဲ့ဟာဆို ဖြစ်လွယ်တယ်ဆိုတာ သိပ်မှန်တယ် ည ၂ နာ၇ီလောက်ကျ အိမ်သာက
တက်ချင်ရော ဆံပင်ကိစ်စတွေကော ခေါင်းထဲ မှာချာချာလည်ရယ် ဆံပင်ကလည်းဘယ်က
နေရောက်နေမှန်းမသိ နေ့လယ်ကမှ ရေချိုးထားတာ ဘာဆံပင်မှမရှိဘူး
ရေဆင်းပေါက်ထဲမှာ အခု ညနေကျမှ ဆံပင်တွေတွေ့တယ်ဆိုတော့ လူကစိတ်လေးနေပြီ ။
ဝန်ထမ်းတွေကလည်း နေ့လယ်ဆို သန့်ရှင်းရေးလာလုပ်တယ်ရယ် ရေချိုးခန်းကိုပါ
အကုန် ရှင်းပေးသွားတာ ဆံပင်က ဘယ်က ပေါက်လို့ေ၇ာက်နေမှန်းမသိ ။ အဲဒါနဲ့
ဘိုထိုင်အိမ်သာပေါ်မှာ ကိစ်စရှင်းနေတုန်း စိတ်က မသိုးမသန့် ဖြစ်တာနဲ့ ...
ဖျက်ကနဲ့ ကိုယ့်အရိပ်ကို ကြည့်မိလိုက်တယ် ။။ .... အမလေးဗျာ ကျွန်တော်
အရိပ်က ခေါင်းကလေ ကျွန်တော့်ဆံပင်က အတိုပါ အရိပ်ထဲမှာ မိန်းမ လို
အရှည်ကြီးဖြစ်နေတယ် ကျွန်တော့်မှာ ကြက်သီးတွေဖျန်းဖျန်းထ ပီး အော်ချင်
စိတ်ကို မနည်း ထိန်းယူရတယ် ဒါပေမယ့်လည်း စိတ်ကို ထိန်းပီး
မအော်မိအောင်မနည်း ကိစ်စရှင်းပီးအိမ်သာထဲက ထွက်ပီး ကုတင်ပေါ်ကို
ပြန်တက်လာခဲ့တယ် ဦးလေးတွေတော့ရှိတာပေါ့.. ဒါပေမယ့် ဒီလိုကြီး
ခြောက်နေတာပေါ့ မလန့် ဘဲ ဘယ်ရှိမတုန်းဗျာ... ဆံပင်ကအတိုရယ် ကိုယ်က
အရိပ်ထဲမှာက အရှည်ကြီးဖြစ်နေတယ်တော်တော်ကို လန့်နေတယ် မျက်ဖြူ စိုက်မတတ်ဘဲ ။
အဲဒါနဲ့မနည်း အိပ်ပျော်အောင် စိတ်ကို ထားရတယ် ။
အိပ်ကိုတော်တော်နဲ့မပျော်ဘူး မျက်စိကလည်းဟိုကြည့်ဒီကြည့်ဘဲ ကြည့်မိနေတယ်
.... အဲလိုနဲ့ ခနနေတော့ အရင်ညကလို ကလေးငိုသံကြားရတယ် ညက ၂
ခွဲလောက် အရမ်းတိတ်ဆိတ်နေပြီ ... ဒီချိန် ဘယ်ကလေးငိုမှာလည်းဗျာ ။...
ကလေးငိုသံ ဗျာ.... အကောင်တစ်ကောင်ရဲ့ ညည်းသံလိုလို ငိုသံလိုလိုနဲ့ နာ ၇ီ
ဝက်လောက်ဗျာ တော်တော်ကိုဆိုးဆိုးဝါးဝါးဘဲ စိတ်ကလည်းတော်တော်ကို ညစ်နေပြီ
.... အသံကလည်း ဗီဒို ဘက်က လာနေတယ် အဲဒါနဲ့မနည်း စိတ်ကို နှစ်ပီး
အိပ်ချင်လာအောင်လုပ် ဇွတ်အိပ်မှအိပ်ပျော်သွားတော့တယ် ။ မနက်လည်း လင်း
ဟိုတယ်ကနေထွက်တော့မယ်လုပ်တော့အပန်းဖြေဖို့ လာတဲ့ ကျွန်တော်က မျက်
တွင်းပေါက်ပက်ဖြစ်နေပြီ အိပ်ရေးကလည်းပျက် ... အဲဒီလိုနဲ့ ဘဲ
အိမ်ကိုပြန်ရောက်လာကြတယ် လမ်းမှာလည်း အဲဒီအကြောင်းကို ပြောကိုမဆုံးတော့ ...
ကျွန်တော်ကတော့ ညကဖြစ်ခဲ့တာကို သိပ်မပြောပြချင်တော့ ... စိတ်တွေလည်းအရမ်း
ညစ်နူးနေတော့ကား ပေါ်မှာဘဲ အနားယူရင် အိမ်ကိုပြန်ခဲ့ပါတော့သည် ။
by သစ္စေရွာ
by သစ္စေရွာ
0 comments:
Post a Comment