မိန်းကလေးအများစုက
အချိန်ကုန်၊ ငွေကုန်ခံပြီး ဆံပင်နဲ့မျက်နှာကို သဘာ ဝ မဟုတ်တဲ့
အလှပြင်ပစ္စည်းတွေ နဲ့ နေ့စဉ် ပြင်ဆင်ခြယ်သ တတ်ကြပါ တယ်။
ဒီလိုပြင်ဆင်ခြယ်သရာမှာ သင့်အရေပြားကို အကောင်းဆုံး ထိန်း
သိမ်းစောင့်ရှောက်မှု ပေး နိုင်ပြီး သဘာဝကျကျ လှပစေဖို့ လိုပါတယ်။
သဘာဝကျကျ ပြင်ဆင်ပါ
သင်က အလှပြင်ဆိုင်တွေမှာ အလှအပ နဲ့ပတ်သက်ပြီး ပြင်ဆင် မှုတွေ ၊ ပြုပြင်မှုတွေ အမျိုးမျိုးကို အချိန်ကုန်၊ ငွေကုန်ခံ ပြီး ပြုလုပ်တတ်သူ တစ်ယောက်ဖြစ်ခဲ့မယ် ဆိုရင် ဒီနေ့ကစလို့ တဖြည်းဖြည်းချင်းလျှော့ ချနိုင်ဖို့ ကြိုးစားပါ။ သင်က မိတ်ကပ်တွေ၊ ရေမွှေးတွေကို အများကြီးသုံးတတ်သူ တစ် ယောက်ဖြစ်မယ်ဆိုရင်လည်း မိတ်ကပ်လိမ်း ခါနီးတိုင်း ၊ ရေမွှေးဆွတ် ခါနီးတိုင်းလျှော့ချ သုံးစွဲဖို့ ကြိုးစားပါ။အောက်ခံမိတ်ကပ် ပါးပါးပေါ် မှာပေါင်ဒါမှုန့် အနည်းငယ်ဖို့ပြီး မျက်လုံးကို လိုင်နာဆိုးတာ၊ မျက်တောင်ကော့ပေးတာတွေပြုလုပ်ပြီး ပန်းနုရောင်နှုတ်ခမ်းနီ အ ရည်လေးနဲ့ နှုတ်ခမ်းဆိုးပေးပါ။ သဘာဝကျကျလှပတဲ့ အသွင်အပြင် ကို ရရှိစေပါတယ်။
လိုက်ဖက်သော ဆံပင်ပုံစံ ပြင်ဆင်ပါ
ဆံပင်ပုံစံကလည်း သင်ရဲ့အလှအပ ကိုပြည့်စုံစေဖို့ဖြည့်ဆည်းပေးပါတယ်။ သင့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ ဆံပင်စ တိုင်ဖြစ်စေဖို့ ကျွမ်းကျင် သူနဲ့ တိုင်ပင်ပါ။ ဆံပင်ကို အပူပေးပြီး မကြာခဏပြင်ဆင် တာတွေကို ရှောင်ရှား ကာ သဘာဝကျကျ ပြင်ဆင်ပါ။
အိပ်ရေးဝ၀ အိပ်စက်ပါ
နှစ်ခြိုက်ခြိုက်အိပ်မောကျစွာ အိပ်စက်တာက သင့်ကို တစ်နေ့တာလုံး အားအင်ပြည့်ဝ လန်းဆန်းနေစေပါတယ်။ အိပ်ပျက်များတာ ကြောင့် မကြည်မလင်နဲ့ သင်ရဲ့ လှပမှုကို မှေးမှိန်စေပါတယ်။ တစ်ညကို အိပ်ချိန် အနည်းဆုံး ၆-၈ နာရီရရှိအောင် အိပ် စက်ပါ။ ကြည်လင်ရှင်းသန့်နေတဲ့ သင့်မျက် နှာက သဘာဝအတိုင်း ကြည့်ကောင်း နေစေပါတယ်။
အာဟာရမျှတစွာ စားသုံးပါ
အာဟာရပြည့်ပြည့်ဝ၀ စားသုံးတာ ကလည်း သင့်ကို သဘာဝကျကျလှပမှု အတွက် အရေးပါတဲ့ အချက်တစ်ချက်ပါ။ တစ်ကြိမ်ကို အများကြီး စားတာ ထက် နည်းနည်းနဲ့ မကြာခဏ စားပေးပါ။ ရေများများသောက်ပေးပါ။ အဆီများတဲ့ အစားအစာတွေကို ရှောင်ရှားပြီး အာဟာရ ညီညွတ်မျှတစွာ စားသုံးပါ။
လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ပါ
ကျန်းမာဖို့၊ လှပဖို့အတွက် လေ့ကျင့် ခန်းကို မလုပ်မဖြစ်လုပ်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေချိန်မှာ ခန္ဓာကိုယ် တွင်းမှာ ကယ်လို ရီတွေ လောင် ကျွမ်းစေ ပြီး အညစ်အကြေးတွေကို ချွေးကတစ်ဆင့် စွန့်ပစ်တာကြောင့် ကြွက်သားတွေ သန်မာလာကာ အစာအိမ်နဲ့ အူလမ်း ကြောင်းကိုလည်း လှုပ်ရှား မှု ကောင်းစေ ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက အရေ ပြားအတွင်း သွေးလှည့်ပတ်မှုကို ပိုမို ကောင်းစေပြီး အသားအရေစိုပြည်စေ ကာ သဘာဝ ကျကျ လှ ပနေစေပါတယ်။ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေတာ ကြောင့် စိတ်ကြည်လင် လန်းဆန်းမှုကို ရရှိစေပါတယ်။
By Good Health

0 comments:
Post a Comment