www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

မိမိချစ်သူ(ရည်းစား)နဲ့ အဆက်အသွယ် အမြန်ဆုံးပြန်ရဖို့(သို့မဟုတ်)မိမိချစ်သူ(ရည်းစား)က မိမိထံကို အဆက်အသွယ် ပြန်လုပ်စေဖို့

အကြောင်းအမျိုးမျိုးကြောင့် မိမိချစ်သူ(ရည်းစား)နဲ့ အဆက်အသွယ်ပြတ်နေရသူတွေက ဒီအစီအမံကို လုပ်နိုင်ပါတယ်.အဓိက လိုအပ်မယ့် ပစ္စည်းကတော့ စတီးလင်ပန်းငယ်တစ်ချပ်ရယ်၊ စွယ်တော်ကိုင်း(၁၀)လက်မခန့် အရှည်(လုံးပတ် ခဲတံလုံးခန့်)တစ်ကိုင်းရယ် ဖြစ်ပါတယ်. စတီးလင်ပန်းငယ်ကတော့ အချင်း(၆)လက်မဆိုရင် ရပါတယ်.
 စတီးလင်ပန်းငယ်ရဲ့ အလယ်ဗဟိုမှာ မိမိကို အဆက်အသွယ်လုပ်စေချင်သူရဲ့ နာမည်ကို ရေးရမယ်..စတီးလင်ပန်းအတွင်း အနားပတ်လည်မှာ အောက်ပါစာတန်းကို ရေးရမယ်.(ပုံမှာ ပြထားတဲ့အတိုင်း နမူနာ ကြည့်ရေးပါ).
  “ ဥုံ အဆက်အသွယ် အမြန်ဆုံး ပြန်ရပါစေ”
                (သို့မဟုတ်)
 “ ဥုံ အဆက်အသွယ် အမြန်ဆုံး ပြန်လုပ်ပါစေ”
 (လင်ပန်းထဲမှာ ဆော့ပင်နဲ့ ရေးရမှာပါ)

စွယ်တော်ကိုင်းပေါ်မှာလဲ ဆော့ပင်နဲ့ပဲ အဲဒီ စာတန်းကို ရေးရမယ်..
စတီးလင်ပန်းငယ်ကို မိမိရဲ့ အိပ်ရာအနီး အဆင်ပြေမယ့် နေရာမှာ ထားပါ..
စွယ်တော်ကိုင်းကို စတီးလင်ပန်းငယ်ပေါ်မှာ တင်ထားလို့ရတယ်.နေ့စဉ် နေ့ရော ညပါ ဘယ်အချိန်မဆို စွယ်တော်ကိုင်းနဲ့ စတီးလင်ပန်းရဲ့ နှုတ်ခမ်းကို တစ်ကြိမ်မှာ (၁၀)ချက် ခေါက်ပြီး အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ရမယ်.
“ အဆက်အသွယ်ပြန်နေတဲ့ ချစ်သူ(----)က ကျွန်ုပ်ထံ အဆက်အသွယ်အမြန်ဆုံးပြန်လုပ်ဖို့ ကူညီပေးပါ”
မှတ်ချက်။  ။ အထက်ပါ နမူနာကို ကြည့်ပြီး မိမိတို့ အဆင်ပြေသလို ပြုပြင်ရွတ်ပါ.(---)နေရာမှာ ချစ်သူရဲ့နာမည်ကို ထည့်ရွတ်ပါ..ကျွန်ုပ်ဆိုတဲ့ နေရာမှာ ကျွန်တော်(သို့မဟုတ်)ကျွန်မကိုထည့်ရွတ်လို့ ရပါတယ်..
 စတီးလင်ပန်းနဲ့ စွယ်တော်ကိုင်းပေါ်မှာ ဆော့ပင်နဲ့ စာရေးရမယ့် အချိန်ကတော့ အင်္ဂါနေ့ မနက်ပိုင်း (၉)နာရီမှ (၁၀)နာရီခွဲအတွင်း ဖြစ်ပါတယ်..ဘယ်အင်္ဂါနေ့မဆို ရေးနိုင်ပါတယ်..ဘယ်နေ့သားမဆို ပြုလုပ်နိုင်ပါတယ်.
မိမိ၏ ယုံကြည်မှုအပေါ်မူတည်ပြီး (၉)ရက်မှ (၉)ပတ်အတွင်း အောင်မြင်တတ်ပါတယ်..

by myooyinlay

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်