www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

မိမိချစ်သူက မိမိတစ်ဦးတည်းကိုသာ ချစ်ခင်စွဲလမ်း သစ္စာရှိနေဖို့.

အချို့အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ လက္ခဏာနဲ့ ဇာတာအရ ချစ်သူ(ရည်းစား)များချင်တဲ့ ပင်ကိုဗီဇမျိုး ရှိတတ်ကြတယ်.အချို့ကတော့ ပင်ကို ဗီဇကောင်းပေမယ့် အခြေအနေနဲ့ ပတ်ဝန်းကျင်ကြောင့် ချစ်သူ(ရည်းစား)တစ်ယောက်ထက် ပိုထား မိတာမျိုး ကြုံတတ်ပါတယ်.
 ဘယ်လိုပဲဖြစ်ဖြစ်လေ မိမိချစ်သူ(ရည်းစား)က မိမိတစ်ဦးတည်းကိုသာ ချစ်ခင်စွဲလမ်းပြီး ထာဝရ သစ္စရှိနေဖို့ လိုအပ်တယ်ဆိုရင် ဒီ အစီအမံ ကို လုပ်ကြည့်ပါ.
 အဓိက လိုအပ်တဲ့ပစ္စည်းကတော့ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်တစ်ရွက်သာဖြစ်ပါတယ်. စွယ်တော်ရွက်ရဲ့ အတွင်းဘက်မျက်နှာမှာ ဘောလ်ပင်နဲ့ အောက်ပါအတိုင်း စာရေးရပါမယ်.(ပုံကိုကြည့်ပါ)
 အညှာဘက် စတင်ရေးရမယ်.စာရေးပြီးရင် အဲဒီနှစ်လွှာကို ပိတ်လိုက်ပါ စာရေးထားတဲ့ အတွင်းမှာ ရှိနေရမယ်.
 “ ချစ်ခင်စွဲလမ်း” ဆိုတဲ့ စာသားအပေါ်က အစက်ကလေးတွေ ပြထားတဲ့နေရာမှာတော့ မိမိရဲ့နာမည်ကိုရေးရမယ်.“ သစ္စာရှိစေ”ဆိုတဲ့ စာသားအပေါ်က အစက်ကလေးတွေပြထားတဲ့ နေရာမှာတော့ မိမိချစ်သူရဲ့ နာမည်ကို ရေးရပါမယ်.
စာရေးပြီး နှစ်လွှာပြန်ပိတ်ထားတဲ့ စွယ်တော်ရွက်ကို ပလတ်စတစ်အကြည်အိတ်ကလေးထဲ သေချာထည့်၊ ရေမွှေးနည်းနည်းဖျန်းပြီးမှ မိမိရဲ့ ခေါင်းအုံးအောက်(သို့မဟုတ်) မွေ့ရာ အောက်မှာ ထည့်ပါ.

 နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်အဲဒီ စွယ်တော်ရွက်အိတ်ကလေးကို ညာလက်နဲ့ အုပ်ထားပြီး အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ပါ.
 “ ချစ်သူ(--)မှ ကျွန်ုပ်အပေါ် သစ္စရှိပြီး ကျွန်ုပ်တစ်ဦးတည်းကိုသာ ချစ်ခင် စွဲလမ်းနေဖို့ ကူညီပေးပါ”
 ကျွန်ုပ်ဆိုတဲ့ နာမ်စားနေရာမှ မိမိနာမည်ကို ထည့်နိုင်ပါတယ်.ဒါမှမဟုတ် ကျွန်တော်(သို့မဟုတ်)ကျွန်မကိုလဲ ထည့်နိုင်တယ်.အစက်ကလေးတွေ ပြထားတဲ့နေရာမှာတော့ မိမိချစ်သူရဲ့ နာမည်ကို ထည့်ရွတ်ရမယ်.(ညအိပ် ခရီးဝေးတွေသွားရင် ယူသွားပြီး ရောက်တဲ့နေရာမှာ လုပ်လို့ရတယ်.)
 စွယ်တော်ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်အခါက ဗုဒ္ဓဟူးနေ့ ညနေပိုင်း (၆)နာရီမှ (၈)နာရီအတွင်း ဖြစ်စေရမယ်.ဘယ်နေ့ဖွား မဆို လုပ်နိုင်ပါတယ်.

by myooyinlay

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်