www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

အချစ်ရေး အဆင်ပြေဖို့(သို့မဟုတ်)အချစ်ရေးပြန်အဆင်ပြေစေဖို့

ချစ်သူ(ရည်းစား)ဘ၀မှာ မကြာခဏ စကားများ၊ ခိုက်ရန်ဖြစ်၊ စိတ်ကောက်၊ မခေါ်မပြော၊ အဆင်မပြေဖြစ်ရလို့ စိတ်ညစ်နေရသူတွေ ဖြစ်စေ၊ လတ်တလော အချိန်မှာ အကြောင်းတစ်မျိုးကြောင့် ချစ်သူနဲ့ အဆင်မပြေဖြစ်ပြီး အမြန်ဆုံး ပြန်အဆင်ပြေ စေချင်သူတွေဖြစ်စေ ဒီအစီအမံကို လုပ်ကြည့်ပါ။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ ဘယ်နေ့ဖွားဖြစ်ဖြစ် လုပ်လို့ရပါတယ်။
 ဒီ အစီအမံမှာ အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ သပြေရွက် အရွယ်ညီနှစ်ရွက် ဖြစ်ပါတယ်. ပန်းအိုးထိုးတဲ့ သပြေပန်းရဲ့ အရွက်ပဲဖြစ်ဖြစ် စားလို့ရတဲ့သပြေသီး သီးတဲ့ သပြေပင်က အရွက်ပဲဖြစ်ဖြစ် အဆင်ပြေရာ သုံးနိုင်ပါတယ်..
 သပြေရွက်တစ်ရွက်ရဲ့ အတွင်းဘက် မျက်နှာပြင် ရွက်ကြော အပေါ်ဘက်နေရာမှာ အညှာဘက်မှ အဖျားဘက်ကို အမျိုးသားနာမည် ရေးပါ..ရွက်ကြော(အလယ်ကြော)ရဲ့ အောက်ဘက်မှာ အမျိုးသမီးနာမည်ကို ရေးပါ..
 နောက် အရွက်တစ်ရွက်မှာတော့ ရွက်အလယ်ကြောရဲ့ အပေါ်ဘက်ခြမ်းမှာ “အချစ်ရေး အဆင်ပြေစေ” (သို့မဟုတ်)“အချစ်ရေး ပြန်အဆင်ပြေစေ” ဆိုတဲ့ စာတန်းရေးပါ..အရွက်အလယ်ကြောရဲ့ အောက်ဘက်ခြမ်းမှာတော့ “ အချစ်ရေးမှာ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ” ဆိုတဲ့ စာတန်းရေးပါ..(ပုံကို ကြည့်)


 သတိပြုရမှာက ချစ်သူ သက်တမ်း(၁)နှစ် မပြည့်သေးရင် သပြေရွက် နည်းနည်းနုတာကို သုံးပါ..ချစ်သူသက်တမ်း (၁)နှစ်ကျော်ရင် သပြေရွက် ခပ်ရင့်ရင့်ကို သုံးပါ..
 အဲဒီ စာရေးပြီး သပြေနှစ်ရွက်ကို အရင်းအချင်းချင်း၊ အဖျားအချင်းချင်း တည့်ဖြစ်အောင် မျက်နှာချင်းဆိုင် ထပ်လိုက်ပါ..သပြေရွက်စုံတွဲ ဖြစ်သွားမယ်..ပန်းရောင်ပ၀ါ(သို့မဟုတ်)အဖြူရောင် ပ၀ါတစ်ထည်နဲ့ သပြေရွက်စုံတွဲကို ထည့်ထုပ်ပြိး အင်္ကျီအိတ်ထဲမှာဖြစ်စေ၊ ပိုက်ဆံအိတ်ထဲမှာဖြစ်စေ ထားရမယ်..

 နေ့စဉ် နေ့ရော ညပါ ဘယ်အချိန်မဆို အဲဒီ သပြေရွက်ထည့်ထားတဲ့ ပ၀ါခေါက်ကို ညာလက်မှာ ကိုင်ပြီး အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ပါ..
အချစ်ရေး အဆင်ပြေပါစေ၊ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ(သို့မဟုတ်)အချစ်ရေး အမြန်ဆုံးပြန်အဆင်ပြေပြီး စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ
 အချိန်ရတိုင်း ခဏခဏ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်..သပြေရွက်နှစ်ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်ကတော့ တနင်္လာနေ့ မွန်းလွဲ(၃)နာရီမှ (၄)နာရီခွဲအတွင်း ဖြစ်ရပါမယ်..
 (၁၁)ရက်မှ (၁၁)ပတ်အတွင်း အောင်မြင်တတ်ပါတယ်..

by myooyinlay

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်