www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

နို့ ကျောက်ကြော


အမဲသားနှင့်ကြက်သွန်ဖူးမွှေကြော်ပါဝင်ပစ္စည်းများ
အမဲမိုးခိုသား ၁၂ ကျပ်ခွဲသား၊ ပဲပင်ပေါက် ၁၀ ကျပ်သား၊ ကြက်သွန်မြိတ် အဖူး ငါးကျပ်သား၊ ချင်း တစ်ပြား၊ ခရုဆီ ထမင်းစားဇွန်း တစ်ဇွန်း၊ ဟင်းချက်ဝိုင် ထမင်းစားဇွန်း နှစ်ပုံတစ်ပုံခန့်၊ ဆား လက်ဖက် ရည်ဇွန်းလေးပုံသုံးပုံခန့်။
ဆော့စ်ပြုလုပ်ရန်
ရေ- ထမင်းစားဇွန်း လေးဇွန်း၊ ပဲငံပြာရည်အပျစ်- ထမင်းစား ဇွန်း နှစ်ပုံတစ်ပုံခန့်၊ သကြား -လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ခန့်၊နှမ်းဆီ- လက်ဖက် ရည်ဇွန်း တစ်ဇွန်း၊ ကော်မှုန့် -လက် ဖက်ရည်ဇွန်း တစ်ဇွန်း။
အမဲသားနှပ်ရန်
ပဲငံပြာရည်အကျဲ- ထမင်းစားဇွန်း နှစ်ပုံတစ်ပုံခန့်၊ ဆီ - ထမင်း စားဇွန်း နှစ်ပုံ တစ်ပုံခန့်၊ ရေ -ထမင်းစား ဇွန်း နှစ်ပုံတစ်ပုံခန့် ၊ ကော်မှုန့်- ထမင်းစား ဇွန်း နှစ်ပုံတစ်ပုံခန့်၊ နှမ်းဆီ- ထမင်းစား ဇွန်းလေးပုံတစ်ပုံခန့်၊ ငရုတ်ကောင်းမှုန့်အဖြူ -အနည်းငယ်၊ သကြား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်။
ချက်ပြုတ်နည်း
၁။ အမဲသားကို ရေစင်အောင်ဆေးပြီး ခြောက်သွေ့အောင် သုတ်ကာ အမြှောင်းရှည်ရှည်လေးများ လှီးထားပါ။ အမဲသားနှပ်ရန် ပစ္စည်းများဖြင့် နယ်ပြီး ၁၀ မိနစ်လောက် နှပ်ထားပါ။ ဒယ်အိုးတစ်ခုဖြင့် ဆီကို အပူပေးပြီး အမဲသားများထည့်ကာ မီးအနေတော်ဖြင့် ကျက်အောင်ကြော်ပြီး ဆယ် ထားပါ။
၂။ ကြက်သွန်ဖူးများကိုရေဆေးပြီး လက်နှစ်ဆစ်အရွယ်ခန့်စီ လှီးဖြတ်ထားပါ။ ခုနက အမဲသားကြော်သော ဒယ်အိုးကိုပင် အပူပြန်ပေးပြီး ကြက်သွန်ဖူး၊ ပဲပင်ပေါက်၊ ချင်းနှင့် ဆားတို့ကို ထည့်ကာ ဆီမထည့်ဘဲ ကျက်ရုံကြော်ပါ။ ဆယ်ယူထားပါ။
၃။ ဒယ်အိုးတွင် ဆီအနည်းငယ်ထည့်ကာ အပူပေးပြီး ခရုဆီထည့်ပါ။ အမဲသားနှင့် ဝိုင်ပါထည့်မွှေပါ။ကြော်ထားသော ပဲပင်ပေါက်နှင့် ကြက်သွန်ဖူး ၊ ဖျော်ထားသောဆော့စ်များထည့်ကာ ခပ်မြန်မြန် မွှေကြော်ပြီးလျှင် သုံးဆောင်လို့ ရပါပြီ။
By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်