www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ပုစွန်ထောပတ်ထမင်းကြော်

ထမင်းကြော်ဖို့အတွက် ပထမဦးစွာ ပုဇွန်များကို အခွံချွတ်၊ ကျောက ချေးကြောင်း ဖယ်ပစ်ပြီး ရေစင်စင်ဆေး ကာ ဟင်းချက်ဝိုင်၊ ဆား၊ အရသာမှုန့်တို့နဲ့ နယ်ပြီး ခေတ္တထားလိုက်ပါတယ် ။
Image Hosted by PicturePush - Photo Sharing
 ပုဇွန်
ထို့နောက် ထမင်းကြော်ထဲ ထည့်ရန် ဥနီ၊ အာလူး၊ ဂေါ်ရခါးသီး၊ ရွှေပဲလုံး၊ သီဟိုဠိစေ့တို့ကို ပြင်ဆင်ထားပါတယ်။ (မိမိတွင်ရှိသော အသီးအရွက်ကို စိတ်ကြိုက် ပြင်ဆင်နိုင်ပါသည်)
သီဟိုဠ်စေ့ကိုတော့ မီးအေးအေးဖြင့် ခတ္တကြော်ထားလိုက်ပါတယ်။
Image Hosted by PicturePush - Photo Sharing
မိမိထည့်လိုတဲ့ ဝက်သား၊ (သို့) ကြက်သားကို အတုံး အနေတော်လှီးထားပါတယ်။ ပြီးနောက် ဆား၊ အရသာမှုန့်များနဲ့ နယ်ထားပါတယ်။
Image Hosted by PicturePush - Photo Sharing
ထမင်းကို မကြော်ခင်မှာ ပဲငံပြာရည်အကြည်၊ ဆား၊ အသားမှုန့်၊ ချောက်ကော၊ ပါးကောအမှုန့်တို့ဖြင့် နယ်ထားပါတယ်။
Image Hosted by PicturePush - Photo Sharing
 ထို့နောက် ဆီကို ထောပတ်ဖြင့် ရောကာ ပုဇွန်များကို ကြော်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ထောပတ်နံ့မွှေးနေတဲ့ ပုဇွန်ကြော်
Image Hosted by PicturePush - Photo Sharing
အစောက ပြင်ဆင်ထားတဲ့ အသီး အနံများကို ဆား၊ အရသာမှုန့်ထည့် ကြော်ပါတယ်။

Image Hosted by PicturePush - Photo Sharing
အသီးများ အနေတော် ဖြစ်ချိန်မှာ ခူးထားပါပြီ
Image Hosted by PicturePush - Photo Sharing
ထို့နောက် ဆီကိုပူအောင်တည်ပြီး ထောပတ်များကို ထည့်ပါတယ်။ ဝက်သား (သို့) ကြက်သားကို ထည့်ကြော်ပြီး အသားကျက်ပါက ထမင်းများကို ရောမွှေပြီး ကြော်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ကျက်ပြီး အသီးအနှံများထည့်ပါတယ်။ ဆား၊ အရသာ အပေါ့အငံမြည်းပြီး လိုအပ်တာ ထပ်ထည့်ပါ။ အစောက ကြော်ထားတဲ့ ပုဇွန်များကိုပါ ရောထည့်နိုင်ပါတယ်. သို့ပေမဲ့ ကျွန်မကတော့ ပုဇွန်ကို အပေါ်ကနေသာ ထင်သာမြင်သာရှိအောင် ထည့်ပါတယ်။ မဟုတ်ရင် ပုဇွန်ပျောက်နေတယ် ထင်မှာစိုးလို့ပါ :)
Image Hosted by PicturePush - Photo Sharing
ထမင်းကြော် ရပြီဆိုလျှင် အပေါ်မှ ပုဇွန်နဲ့ သီဟိုဠ်စေ့များ ထည့်လိုက်ပါတယ်. ဒါဆိုရင် ထောပတ်အနံ့မွှေးမွှေးလေးနဲ့ စားချင်စဖွယ် ပုဇွန်ထောပတ် ထမင်းကြော်ကို ရပြီဖြစ်ပါတယ်.
 အစိမ်းရောင်လွင်ပြင်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

0 comments:

Post a Comment

Blog Archive

လပ်ကီးမြို့တော်