ပါဝင်သော ပစ္စည်းများ
ဇရစ်
ဝက်သား
ကြက်သွန်နီ
ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း
ပဲငံပြာရည်
ဆီ
ဆား
ပြုလုပ်ပုံ အဆင့်ဆင့်
ဝက်သားကို ရေဆေး၍ အတုံးသေးများ တုံးပါ။
ဇရစ်ကို တစ်လက်မခွဲ ခန့်စီ အရှည်ဖြတ်ပါ။
ကြက်သွန်နီ၊ ဖြူတို့ကို နုတ်နုတ်စင်းပါ။
ဝက်သားကို ဆား၊ ဆီ၊ ပဲငံပြာရည်တို့နှင့် နယ်ပါ။
ကြက်သွန်ကို ဆီသတ်ပြီး နယ်ထားသော ဝက်သားထည့်၍ ရေအနည်းငယ် ရောပြီး ဆူလာလျှင် ဇရစ်ပိုင်းများ ထည့်ပါ။
ငရုတ်သီးစိမ်းတောင့်များကို နှစ်ပိုင်း သုံးပိုင်း ညှပ်၍ ထည့်ပါ။
ဇရစ်များ ကျုံ့ပြီး ဆီပြန်လာလျှင် ဝက်သားဇရစ်ကြော် ချဉ်စပ်ဟင်းကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါသည်။
Ref: 8 Days

0 comments:
Post a Comment