တနေ့သ၌ မြတ်စွာဘုရားသခင်သည် ရဟန်းတို့အား ပြုစုရခက်သော သူနာနှင့် ပြုစုရလွယ်သောသူတို့အကြောင်း ဤသို့ ဟောကြားတော်မူသည်။
ရဟန်းတို့ ပြုစုရခက်သော သူနာငါးမျိုး ရှိ၏။ ယင်းတို့မှာ
၁။ ရောဂါနှင့် မသင့်သည်ကို ပြုလုပ်၏။
၂။ ရောဂါ၏အတိုင်းအရှည်ကို မသိ။
၃။ ဆေးမစား။
၎။ ရောဂါ တိုးသည်၊ ဆုတ်သည်၊ တန့်သည်ကို မပြော။
၅။ ဝေဒနာကို သည်းမခံ။
ဤတရားငါးမျိုးနှင့် ပြည့်စုံသော သူနာသည် ပြုစုရခက်သူဖြစ်၏။
ရဟန်းတို့ ပြုစုရလွယ်သော သူနာငါးမျိုး ရှိ၏။ ယင်းတို့မှာ-
၁။ ရောဂါနှင့် သင့်သည်ကို ပြု၏။
၂။ ရောဂါ၏ အတိုင်းအရှည်ကို သိ၏။
၃။ ဆေးစား၏။
၎။ ရောဂါ တိုးသည်၊ ဆုတ်သည်၊ တန့်သည်ကို ပြော၏။
၅။ ဝေဒနာကို သည်းခံ၏။
ဤတရားငါးမျိုးနှင့် ပြည့်စုံသော သူနာသည် ပြုစုလွယ်သူ ဖြစ်၏-ဟု မိန့်တော်မူ၏။
( အင်္ဂုတ္တိုရ်ပဉ္စကနိပါတ်၊ ပထမဥပဋ္ဌာကသုတ် )

by facebook
0 comments:
Post a Comment