www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

နိုးကြားသူ

တခါသော် မြတ်စွာဘုရားသခင်သည် နိုးကြားမှု အမြဲရှိသင့်ကြောင်း ဤသို့ မိန့်တော်မူသည်။

ရဟန်းတို့၊ ငါ၏စကားကို နာယူကြကုန်လော့၊ အိပ်ပျော်နေသောသင်တို့သည် နိုးကြားကြကုန်လော့။ အိပ်ပျော်နေခြင်းထက် နိုးကြားခြင်းသည် မြတ်၏၊ နိုးကြားမှု အမြဲရှိသူအား ဘေးမရှိ။

အကြင်သူသည် နိုးလည်းနိုးကြား၏၊ သတိမြဲ၏၊ ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၏၊ တည်ကြည်မှု ရှိ၏၊
ဝမ်းမြောက်မှု ရှိ၏၊ ကြည်လင်သောစိတ် ရှိ၏၊ ထိုသူသည် အခါအားလျော်စွာ တရားကို စူးစမ်းရှာဖွေလျက် တည်ကြည်သောစိတ်ဖြင့် မသိမှုကို ပယ်ဖျောက်နိုင်၏။

ထို့ကြောင့် ဤလောက၌ နိုးကြားသူကိုသာ ဆည်းကပ်ရာ၏၊ လုံ့လ၀ီရိယနှင့် ပြည့်စုံသော နိုးကြားမှုရှိသော ပညာရှိသည် ဤဘ၀၌ပင် အရဟတ္တမဂ်ဉာဏ်သို့ ရောက်ရာ၏။

( ဣတိဝုတ် ပါဠိတော်၊ ဒုကနိပါတ်၊ ဒုတိယ၀ဂ်၊ ဇာဂရိယသုတ် )

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်