www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

စောင်းလျားသီးငပိချက်နဲ့ မုန့်တီချဉ်စပ်သုပ်

ဒီတစ်ပတ်အတွက် စားသောက်စရာဟင်းလျာက စောင်းလျားသီး ငပိချက်ဖြစ်ပါတယ်။ စောင်းလျားသီး ငပိချက်ကို အရင်တုန်းကလည်း တင်ခဲ့ဖူးပါတယ်။သို့ပေမဲ့ ဘလောဂ့်အပြောင်းအရွေ့မှာ ပုံတွေ ပျောက်ကုန် တာကြောင့် ဒီတစ်ခေါက် ပြန်ချက်စားဖြစ်တဲ့အခါ နောက်တစ်ကြိမ် ပြန်တင်တာ ဖြစ်ပါတယ်။ 

စောင်းလျားသီးခေါ် Star Fruit ဟာ ချဉ်ချိုချိုနဲ့ မွှေးတဲ့ အနံ့အရသာ ရှိတာကြောင့် သူ့ကို ငပိချက် ချက်တဲ့အခါမှာလည်း စားလို့အလွန်ကောင်းပါတယ်။ စောင်းလျားသီးကို ငပိချက် ချက်ဖို့အတွက် ပြင်ဆင် ပါမယ်နော်။

Image Hosted by PicturePush - Photo Sharing

စောင်းလျားသီး၂လုံး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုပ်သီးတို့ကို ရေစင်စင် ဆေးထားလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီးတို့ကို ပါးပါးလှီးပြီး ခရမ်းချဉ်သီးကို တောက်တောက်စင်းပါတယ်။

Image Hosted by PicturePush - Photo Sharing
စောင်းလျားသီးများကို ပါးပါးလှီးထားပါတယ်

Image Hosted by PicturePush - Photo Sharing
ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပြီး ခရမ်းချဉ်သီးများကို ထည့်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ခရမ်းချဉ်သီးနွမ်းပါက ငပိထည့်ပါတယ်။ ငရုပ်သီး၊ ဆား၊ ငံပြာရည် စသည်တို့ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
စောင်းလျားသီးကို ထည့်မွှေပါတယ်။ 

Image Hosted by PicturePush - Photo Sharing
စောင်းလျားသီး နူးပြီး အနံ့လေးမွှေးလာပြီဆိုရင် ရပါပြီ။

အနံ့မွှေးမွှေး စောင်းလျားသီးငပိချက်လေးပါ။

Image Hosted by PicturePush - Photo Sharing
အတို့အမြုပ်နဲ့ဘဲ စားစား၊ ဒီအတိုင်းဘဲ ထမင်းနဲ့စားစား ခံတွင်းမြိန်ပြီး ချဉ်ချိုချုနဲ့ အရသာထူး တဲ့ စောင်းလျားသီး ငပိချက်နဲ့ ထမင်းမြိန်မြိန် စားနိုင်ပါပြီရှင်..

မုန့်တီသုပ် ချဉ်စပ်

နောက်ထပ် အပိုဆောင်းပေမဲ့ အစားအသောက်တစ်မျိုးက မုန့်တီသုပ်ဖြစ်ပါတယ်။ မုန့်တီကို အချဉ်သုပ် အနေနဲ့ သုပ်မှာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

သုပ်မဲ့ မုန့်ဖတ်ကို ပန်းကန်တစ်ခုထဲထည့်ပြီး ကြက်သွန်နီပါးပါးလှီး၊ ဥနီလေးများ ထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing

ပုလင်းနဲ့လာတဲ့ ငရုပ်သီး ပဲငပိကြော်၊ နံနံတို့ထည့်ပြီး ဆား၊ အရသာမှုန့်၊ သံပုရာသီး ထည့်ပြီး နယ်လိုက်ရုံပါဘဲ။ ငရုပ်သီးပဲငပိက စပ်ပြီးသားမို့ ငရုပ်သီးစိမ်း မထည့်တော့ပါဘူး။ စပ်စပ်လေး စားချင်တယ်ဆိုရင်ဖြင့် ငရုပ်သီးစိမ်း ထပ်ထည့်နိုင်ပါတယ်။

အချဉ်သုပ်အနေနဲ့ ထမင်းနဲ့စားစား၊ အဆာပြေစားစား စားလို့ရပါပြီ။ 

Image Hosted by PicturePush - Photo Sharing

 အရသာတစ်မျိုးရှိတဲ့ မုန့်တီသုပ်ချဉ်စပ်လေးပါ။

by missgreenlady

0 comments:

Post a Comment

Blog Archive

လပ်ကီးမြို့တော်