www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

လာအိုစတိုင် ကြက်သားချဉ်စပ်

ပါဝင်ပစ္စည်းများ
ကြက်ရင်ပုံ
ကြက်သွန်ဖြူ
သခွားသီး
နံနံပင်
ခရမ်းချဉ်သီး
ငရုတ်သီးအနှစ်
ကြက်သားမှုန့်
ပူစီနံ
သကြား
ငံပြာရည်
ဆီ
ကြက်သွန်မြိတ်
ငရုတ်သီးစိမ်း(နီ)
သံပုရာသီး။
ပြုလုပ်ပုံ အဆင့်ဆင့်
ကြက်ရင်ပုံနဲ့ အသီးအရွက်တွေကို ရေဆေးထားပြီး ကြက်သားကို အချို အငန်နယ်ထားပါ။ ရေနွေးတည်ပြီး ပွက်ပွက်ဆူလာရင် ကြက်ရင်ပုံကို ပြုတ်ပါ။ နူးသွားပြီဆိုရင် ကြက်သားကို အမျှင်နွှင်ထားပါ။
ကြက်သွန်ဖြူကို ဆီသတ်ပြီး အရောင်လှအောင်ငရုတ်သီးအနှစ်ကို ထည့်ပါ။ ခရမ်းချဉ်သီးနဲ့ သခွားသီးကို ပါးပါးလှီးပြီး ဆီသတ်ထားတဲ့ ငရုတ်သီး အနှစ်၊ နွှင်ထားတဲ့ ကြက်သားတို့နဲ့ သံပုရာသီးညှစ်ပြီး ရောသုပ်ပါ။
အရသာ အနေတော်ဖြစ်ပြီဆိုရင် လှီးထားတဲ့ကြက်သွန်မြိတ်နဲ့ နံနံပင်ကို ထည့်လိုက် ရင်တော့ လာအိုစတိုင် ကြက်သားချဉ်စပ်ရပါပြီ။
Ref : The Myanmar Times

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်