www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ဘဲခြေနှင့် မှိုကြက်သားစတူး

ပါဝင်သောပစ္စည်းများ
ဘဲခြေထောက် - သုံးခု
ကြက်သား - ၃၀ ကျပ်သား
မှိုလုံး (သို့) မှိုခြောက် - နှစ်ကျပ်သား
မုန်လာဥနီ - သုံးလုံး
မြေစာဥ - ၁၀ လုံး
ပန်းဂေါ်ဖီပွင့် - ၁၀ ကျပ်သား
ကြက်သွန်နီဖြူ - နှစ်လုံးစီ
ချင်း - နှစ်ကျပ်သား
ကြက်သွန်မြိတ် - နှစ်ပင်
(ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်၊ သကြား) - အနည်းငယ်
နွားနို့စစ်စစ် - သုံးဇွန်း
ဆန်အရက် - အနည်းငယ်
ဆီ - ၁၅ ကျပ်သား
နှမ်း - သုံးဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
ဘဲခြေထောက်ကို အခွံခွာ၊ ခြေသည်းများဖြတ်ပြီး အနည်းငယ်ပြုတ်ပါ။ မပျော့မမာဆယ်ယူ ၍ ရေနှင့်စိမ်ထားပါ။ ဓားနှင့် ခြေထောက်ရိုးများ ထုတ်ထားပါ။ ကြက်သားကို ပါးပါးလွှာ၍ ကော်ရည်နှင့်နယ်ပြီး ပြုတ်ပါ။ နှစ်မိနစ်ခန့်ပြုတ်ပြီး ဆယ်၍ ရေစစ်ထားပါ။
မှိုကို ရေဆေးပြီး ထက်ခြမ်းခွဲပါ။ မှိုခြောက်ဖြစ်ရင် ၁၅ မိနစ် ရေနွေးနှင့်စိမ်ပြီး ရေစင်အောင် ဆေးပြီး အရိုးများ ဖြတ်ပါ။ ပန်းဂေါ်ဖီနှင့် မုန်လာဥနီကို အနည်းငယ်ပြုတ်ပါ။ မြေစာဥကို နှစ်ခြမ်းခွဲထားပါ။
ကြက်သွန်မြိတို တစ်လက်မခွဲခန့် အစောင်းလှီးဖြတ်ထားပါ။ ဒယ်အိုးတွင် ဆီနည်းနည်း ထည့်၍ ချင်း၊ ကြက်သွန်ဖြူ၊ အရက်ထည့်၍ ဆီသတ်ပါ။
ပြုလုပ်ထားသော ဘဲခြေထောက် ကြက်သား၊ မုန်လာဥနီ၊ ကြက်သွန်၊ ပန်းဂေါ်ဖီ၊ မြေစာဥ၊ မှို၊ ကြက်သွန်မြိတ်တို့ကို ထည့်၍ လုံးပါ။ ၎င်းနောက် ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်၊ သကြား နှင့် နွားနို့တို့ကို ထည့်နယ်ပါ။
အားလုံးကျက်လျှင် အပေါ်မှ နှမ်းကို မညက်တညက်ထောင်းပြီး ဖြူးနိုင်ပါသည်။
Ref : The Flower News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်