ဝက်နံရိုးတွေကို မြေအိုးထဲမှာ နူးအိနေအောင်ချက်ထားတဲ့
ဟင်းတစ်ခွက်ဟာ အလွန်ကို အရသာ ရှိလှပါ တယ်။ ဝက်နံရိုးကိုချက်ဖို့
ပထမဦးစွာ ရေစင်အောင် ဆေးပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်အကြည်၊
ဟင်းချက်ဝိုင် အနည်းငယ် တို့ဖြင့် နယ်ပြီး၁၅မိနစ်ခန့် ထားထားလိုက်ပါ။
နံရိုးနူးလျှင် ဥနီ၊ ကြက်သွန်မြိတ်၊ ဂျုးမြစ်တို့ကို ထည့်လိုက်ပြီး ၅မိနစ်ခန့်ကြာလျှင် အရသာ အပေါ့အငံ လိုအပ်သလိုထည့်ပြီး ချနိုင်ပါပြီ။
အသားထဲထိ အရသာဝင်ကာနူးအိပြီး စားကောင်းလှတဲ့ ဝက်နံရိုး မြေအိုးချက်ဟင်း တစ်ခွက်ပါ။
by missgreenlady
ရေဆေး၊ ဆားနယ်၊ အရသာမှုန့်၊ ငံပြာရည်၊ ဟင်းချက်ဝိုင်ထည့်ကာနယ်
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နာနတ်ပွင့်၊ ဖာလာစေ့
ကြက်သွန်၊ နာနတ်ပွင့်၊ ဖာလာစေ့တို့ကို ဆီထဲထည့်
ထို့နောက် ပုလင်းနဲ့လာတဲ့
ပဲငပိကို တစ်စွန်းစာ ထည့်ပါတယ်။ ခရမ်းချဉ်သီး
၂လုံးလောက်ကို တောက်တောက်စင်းထည့်ပါတယ်။ ငံပြာရည်အနည်းငယ်ထည့်ပြီး
ရေသင့်တင့်သလို ထည့်မွှေပါတယ်။
နိုင်ငံခြားရောက်နေသူများ ပဲငပိကိုရှာလိုပါက Chilli bean sauce ဆိုပြီးရှာနိုင်ပါတယ်။
ထို့နောက် နံရိုးများကို မြေအိုးထဲ ပြောင်းထည့်ပါတယ်။ ဆား၊ အရသာမှုန့် လိုသလိုထည့်ပါ၊
ရေများများထည့်ကာ အဖုံးအုပ်ပြီး နံရိုးများ နူးအိလာအောင် တည်ထားလိုက်ပါတယ်
နံရိုးနူးလာရင်ထည့်ဖို့ ဥနီ၊ ဂျူးမြစ်၊ ကြက်သွန်မြိတ် အကြီးမျိုးတို့ကို အသင့်ပြင်ဆင်ထားပါတယ်
နံရိုးနူးလျှင် ဥနီ၊ ကြက်သွန်မြိတ်၊ ဂျုးမြစ်တို့ကို ထည့်လိုက်ပြီး ၅မိနစ်ခန့်ကြာလျှင် အရသာ အပေါ့အငံ လိုအပ်သလိုထည့်ပြီး ချနိုင်ပါပြီ။
မြေအိုးဝက်နံရိုးချက် ရပါပြီ။
by missgreenlady










0 comments:
Post a Comment