တလက်စတည်းမှာ
ကြက်ဥထောင်းနည်းကို ပြောပြချင်ပါသေး တယ်။ ကြက်ဥထောင်းဆိုလို့ အပေါ်က
နည်းတွေနဲ့ ချဉ်ချဉ်စပ်စပ် ထောင်းတာမျိုး မဟုတ်ပါဘူး။ ဒီနည်းကတော့ ကျွန်မတို့ကချင်ပြည်နယ်မှာ
ထောင်းစားလေ့ရှိတဲ့ ကြက်ဥ ငရုပ်သီးထောင်းနည်းဖြစ်ပါတယ်။ ပထဦးဆုံး ကြက်ဥ
၂လုံး ၃လုံးကို ကျက်အောင် ပြုတ်လိုက်ပါတယ်။ ကျက်ရင် ရေအေးမှာစိမ်ပြီး
အခွံခွာထားလိုက်ပါတယ်။
ကြက်ဥပြုတ်၊ ငရုပ်သီး၊ ကြက်သွန်ဖြူ
ထို့နောက် ကြက်ဥကို သေးသေးလေးတွေဖြစ်အောင် ဓားနဲ့ စင်းထားလိုက်ပါတယ်။
ကြက်သွန်ဖြူနဲ့
ငရုပ်သီးကို အရင်ထောင်းပါတယ်။ ညက်ရင် ကြက်ဥကို ထည့်ထောင်းပြီး ဆား၊
အရသာမှုန့်တို့ကိုထည့်ပါတယ်။ ပြီးရင် ပါးပါးလှီးထားတဲ့ နံနံပင်၊
ဖက်ဖယ်ရွက်တို့ကို ထည့်လိုက်ပါတယ်။
ကြက်ဥကို ငရုပ်သီးနဲ့ ထောင်းစားတဲ့ ကြက်ဥ ငရုပ်သီးထောင်းပါ။ ဒီ ကြက်ဥ ငရုပ်သီးထောင်းကတော့ အချဉ်ရည်ဟင်းတွေနဲ့ လိုက်ဖက်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။
by missgreenlady









0 comments:
Post a Comment