www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ငရုတ်သီးစိမ်း ပုဇွန်အစပ်ချက်

ငရုတ်သီးစိမ်းပုဇွန်အစပ်ချက်

မာမာဈေးသွားတော့ ရေချိုပုဇွန်လေးတွေရလာခဲ့ပါတယ်
မာမာ့ကလေးတွေကထမင်းစားခါနီးအသားဟင်းတွေ့ရင်ဟိုပြောဒီပြောတွေသိပ်ပြောပါတယ်
သမီးငယ်ကပိုဆိုးပါတယ် အဲဒီအသားဟင်းကိုကြည့်ပြီးကိုယ်အသားမစားရင်ကိုမစားတဲ့အတွက်အကောင်တစ်ကောင်အသက်ရှင်မယ်လို့
ပြောတတ်ပါတယ် ပြန်တွေးကြည့်တော့လဲဟုတ်ပါတယ် သူပြောသလိုပါဘဲ ဒါပေမဲ့လူ့သဘောသဘာဝကလဲခက်သားကလားနော် အသားလေးပါမှတင်းတိမ်တတ်ကြတာမျိုးမဟုတ်လား အဲဒါကြောင့်ကလေးတွေကိုပြောရတယ် အဟာရဖြစ်အောင်ကျွေးတာပါဆိုတော့သူများအသက်နဲ့ကျမှအဟာရဖြစ်တာလားဆိုပြီးအမေးခံရပြန်ပါတယ်
မိဘကတော့သူတို့အသားဓါတ်မရမှာဆိုးလို့ချက်ကျွေးတာပါလို့ပြောရပါတယ်
ခနခနပြောလွန်းမကပြောမှဒီပုဇွန်လေးတွေကိုစားပါတယ် မောင်နှစ်မနှစ်ယောက်လုံးငယ်ငယ်က
ပုဇွန်ထုတ်ကိုစားပေမဲ့အခုတော့အကောင်ကြီးတာမြင်ရင်သိပ်မစားတော့ပါဘူး
ဒီနေ့တော့သူတို့လဲစားချင်စားနိုင်အောင်မာမာစားချင်နေတဲ့ငရုတ်သီးစိမ်းစပ်စပ်လေးကိုအိမ်နောက်ဖက်မှာ
ဆင်းခူးပြီးလတ်လတ်ဆတ်ဆတ်ငရုတ်သီးလေးနဲ့တွဲပြီးချက်ပေးလိုက်ပါတယ် သူတို့ကတော်ရုံတန်ရုံဟင်းဆိုအစပ်ကြောက်ပေမဲ့ဒီလိုလေးချက်ရင်တော့တခါတရံအစပ်ခံပြီးစားတတ်ပါတယ်
ဘယ်လောက်စပ်တဲ့ငရုတ်သီးလဲဆိုရင်ချက်နေရင်းတောင်အနံ့ကမွှန်ထွက်လာလို့အသက်ရှူတောင်မှားမတတ်
ပါဘဲ ဒါပေမဲ့ချက်ပြီးသွားတော့လဲစားကောင်းသားပေါ့နော်။

  • ငရုတ်သီးစိမ်း-ကြိုက်သလောက်
  • ပုဇွန်-500g
  • ထမင်းစားဇွန်း-ငါးဇွန်း
  • ဟင်းခတ်မှုန့်-လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ငံပြာရည်-ထမင်းစားဇွန်းသုံးဇွန်း
  • ဆား-လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ကြက်သွန်နီ-တစ်ခြမ်း
  • နနွင်းမှုန့်-အနည်းငယ်
မာမာ့ခြံထွက်ငရုတ်သီးစိမ်းလေးတွေပါ ကြက်သွန်နီနှင့်ငရုတ်သီးစိမ်းကိုလှီးထားပါတယ် ပုဇွန်ကိုအမဲကြောင်းထုတ်အမြှီးခေါင်းဖြုတ်ပြီးဆား နနွင်းတို့နှင့်နယ်ပေးပါတယ် ဆီပူပူမှာကြက်သွန်နီကိုဆီသတ်ပေးပြီးနွမ်းလာပါကပုဇွန်ကိုထဲ့ကြော်ပါတယ် ပုဇွန်ကျက်ပါကငရုတ်သီးစိမ်းကိုထဲ့ပြီးကြော်ပေးပါတယ် ငရုတ်သီးစိမ်းလုံးမိသွားပါကငံပြာရည်နှင့်ဟင်းခတ်မှုန့်တို့ကိုထဲ့ပြီးမွှေပေးပါတယ် ပြီးလျှင်ရေမြုပ်ရံထဲ့ပြီးဆက်တည်ပေးပါတယ် ရေခမ်းလျှင်မီးပိတ်ပေးပါမယ် လျှာပူအာပူချွေးတစ်လူလူနဲ့ထမင်းမိန်စေတဲ့ငရုတ်သီးစိမ်းပုဇွန်အစပ်ချက်လေးရပါပြီ
by mmlazp

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်