www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

တုန်ယန်းပီဇာ

ပါဝင်ပစ္စည်းများ
ပီဇာ၊ ခရမ်းချဉ်သီးဆော့၊
စပါးလင်၊ ရှောက်ဘီလူးရွက်၊
ငရုတ်သီးစိမ်း၊ ပတဲကော၊
ငရုတ်သီးအနီ၊ မှို၊
ပုစွန်၊ ပြည်ကြီးငါး၊ ငါး၊
ကဏန်း၊ အသားချောင်း၊ ခုံး၊
သကြား၊ ပုစွန်ငံပြာရည်၊
သံပရာရည်၊ ချိစ်၊ နံနံပင်။
ပြုလုပ်ပုံအဆင့်ဆင့်
ငရုတ်သီးအနီ၊ မှို၊ ပုစွန်၊ ပြည်ကြီးငါး၊ ငါး၊ ကဏန်း၊ အသားချောင်းနဲ့ ခုံးတွေကို ရောပြီး ပြုတ်ထားပါ။ တုန်ယန်းအနှစ်ရလာအောင် စပါးလင်၊ ရှောက်ဘီလူးရွက်၊ ပတဲကော၊ ငရုတ်သီးစိမ်းတွေကို အမှုန့်ကြိတ်ပါ။
ရလာတဲ့အမှုန့်ထဲကို ပုစွန်ငံပြာရည်၊ သံပရာရည်၊ သကြားထည့်ပြီး ဆီနည်းနည်းနဲ့ အိုးပေါ် မှာ အပူပေးပါ။
ပီဇာပေါ်မှာ ခရမ်းချဉ်ဆော့ ပါးပါးသုတ်ပြီး တုန်ယန်းအနှစ်သုတ်ပါ။ အပေါ်က ချိစ်ထပ်ဖြူး ပါ။ ချိစ်ဖြူးထားတဲ့ ပီဇာကိုအသားပြုတ်ထဲထည့်ပြီး ချိစ်ထပ်ဖြူးပါ။
ပြီးရင်တော့ အပူချိန် ၃၅၀ ဒီဂရီ ဖာရင်ဟိုက်ရှိတဲ့ မုန့်ဖုတ်စက်ထဲမှာ ဆယ်မိနစ်လောက် ထားလိုက်မယ်ဆိုရင်တော့ အားလုံးအကြိုက်တွေ့မယ့် တုန်ယန်းပီဇာရပါပြီ။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်