ပါဝင်သည့်ပစ္စည်းများ
ကန်စွန်းရွက် - နှစ်စည်း (သို့မဟုတ်) သုံးစည်း
ဆီ - အနည်းငယ်
ငါးပိ - ထမင်းစားဇွန်းနဲ့ ငါးပိတစ်ဇွန်း
ခရုဆီ - စားပွဲတင်ဇွန်းနဲ့ တစ်ဇွန်း
ပုစွန်ခြောက် - အနည်းငယ်
ကြက်သွန်ဖြူ - ၃ မြွှာ
ကြက်သွန်နီ - အနေတော်တစ်လုံး
ငရုတ်သီး အရောင်တင်မှုန့် - အနည်းငယ်
ငရုတ်သီးအနီတောင့် - အနည်းငယ်
ဆား - အနည်းငယ်
သကြား - အနည်းငယ်
ချက်ပြုတ်နည်းအဆင့်ဆင့်
ပထမဦးဆုံး အနှစ်လုပ်ဖို့အတွက် ငါးပိ၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး၊ အရောင်တင်မှုန့် တို့ကို ကြေညက်အောင် ဘလန်ဒါနဲ့ ကြိတ်ပါမယ်။ ပြီးသွား ရင်တော့ မီးအနေတော်နဲ့ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီဆူလာရင် ကြိတ်ထားတဲ့ အနှစ်တွေကိုထည့်ကာ အနံ့မွှေးလာတဲ့အထိ မွှေပေးပါ။ အနံ့မွှေးလာရင် ကန်စွန်းရွက်ကို ထည့်ပြီး မီးနည်းနည်းတင်ပါတယ်။
ခရုဆီ၊ ဆားနဲ့ သကြားတို့ကို အရသာအနေတော်ဖြစ်အောင် ထည့်ပြီး မွှေပေးပါ။ ကန်စွန်းရွက် အစိမ်းရောင် မပျောက်ခင် မီးဖိုးကချပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။
Ref : 7 Days News

0 comments:
Post a Comment