အားလပ်ရက်မှာ ချက်စားဖို့ လွယ်လွယ်ကူကူ
အရသာရှိရှိ ဟင်းတစ်မျိုးကတော့ မိုးလေး ခပ်အးအေးနဲ့ နာနတ်သီးတွေ
ပေါစပြုပြီဖြစ်တဲ့ ဒီရာသီမှာချက်ဖို့အဆင်ပြေလှတဲ့ နာနတ်သီး ဝက်သားချက် ပါ။
ထူးထူး ဆန်းဆန်း မဟုတ်ဘဲ ဝက်သားကို ချက်နေကျ နည်းအတိုင်းချက်ပြီး
နာနတ်သီးကို ထည့်လိုက်တာဖြစ်ပါတယ်။
သူ့အနှစ်ကိုလည်း ထမင်းဖြူလေးနဲ့ နယ်စားမယ်ဆိုရင် ကောင်းမှကောင်းပါဘဲလို့.. :P
by missgreenlady
မထူးဆန်းတဲ့ ဝက်သားနာနတ်သီးချက်နည်းကိုဘဲ ပြောပြရမယ်ဆိုရင်
နာနတ်သီးများကို မိမိထည့်လို့တဲ့ ပမာဏအတိုင်း အတုံးလေးများ တုံးထားလိုက်ပါတယ်။
ဝက်သားကို
အဆီအခေါက် အသားပါတဲ့ သုံးထပ်သားကို အရွယ်တော်အတုံးလေးများ တုံးပါတယ်။
ထို့နောက် ဆား၊ အရသာမှုန့်၊ ဝိုင်ဖြူအနည်းငယ်၊ ငံပြာရည်၊
ကြာညှို့အနည်းငယ်တို့နဲ့နယ်ပြီး နာရီဝက်ခန့်ထားလိုက်ပါတယ်။
ဟင်းထဲထည့်ရင် မွှေးအောင် နံနံစေ့ကို ရေဆေးပြီး ထောင်းထားတာပါ။ (ဒါကတော့ ရှိလို့ထည့်တာပါ ။ မရှိရင် မထည့်ဘဲနေလို့ရပါတယ်)
ဂျင်း၊
ကြက်သွန်ဖြူ၊ ကြက်သွန်နီ စောစောက ထောင်းထားတဲ့ နံနံစေ့တို့ကို ဆနွင်း၊
အရောင်တင်မှုန့်၊ ငရုပ်သီးကြမ်းမှုန့် တို့ဖြင့် ဆီသတ်ပါတယ်။
အနှစ်များများရဖို့အတွက် ကြက်သွန်ဖြူနီကို များများထည့်ပါတယ်။
ဆီသတ်ထားတာ မွှေးလာပြီဆိုရင် ဝက်သားကိုထည့်ပြီး မွှေလိုက်ပါတယ်။
ရေထည့်ပြီး ဆား၊ ငံပြာရည်၊ အရသာမှုန့်တို့ကို လိုအပ်သလိုထည့်ကာ အဖုံးအုပ်ပြီး ဝက်သားများ နူးအောင် နပ်ထားလိုက်ပါတယ်။
ရေခန်းပါက ဝက်သားမနူးသေးရင် ရေထပ်ထည့်ပြီး နူးအောင်ချက်ပါ။
ဝက်သားနူးတဲ့အခါ စောစောက နာနတ်သီးအတုံးများကို ထည့်လိုက်ပါတယ်။ ရေထပ်ထည့်ပြီး တစ်ရေခန့် ခန်းသွားအောင် မီးပေါ် ဆက်တည်ထားလိုက်ပါ။
ရေခမ်းသွားပြီး
ဝက်သားလည်းနူး၊ နာနတ်သီးလည်း အိလာပါပြီ။ အရသာမြည်းပြီး စိတ်ကြိုက်ဖြစ်ရင်
ချလို့ရပါပြီ။ ဝက်သားရဲ့ အရသာက နာနတ်သီးထဲဝင်၊ နာနတ်သီးအရသာက
ဝက်သားထဲကိုဝင်သွားပြီး အရသာဟာ ထူးခြားကာင်းမွန်လှပါတယ်။
ချဉ်ချိုချို အရသာလေးနဲ့ အရသာ အမူထူးတဲ့ ဝက်သားနာနတ်သီးချက်ပါ။
by missgreenlady










0 comments:
Post a Comment