ပါဝင်သောပစ္စည်းများ (လူ ၆ ယောက်စာ)
ပုစွန်အလတ်စား (အခွံခွာ၊ အကြောထုတ်၍ အမြီးချန်ထားရန်) - ၉၀ ကျပ်သား
သံလွင်ဆီ - ၁၅၀ မီလီလီတာ
ထောပတ် - ၅ ကျပ်သား
ကြက်သွန်ဖြူနုပ်နုပ်စဉ်း - ၁၀ မြွှာ
ငရုတ်သီးစိမ်း အနီရောင်နုပ်နုပ်စဉ်း - ၃ တောင့်
ကြက်သွန်မြိတ်ပါးပါးလှီး - ၃ ပင်
သံပရိုသီး (အစိတ်လေးများ စိတ်ထားပါ) - တွဲဖက်သုံးဆောင်ရန်
ဆား - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပုစွန်ကို ကျောမှထက်ခြမ်းအရာပေးခွဲ၍ အကြောထုတ်ထားပါ။ ဒယ်အိုးကြီးကြီး တစ်လုံးထဲတွင် ဆီနှင့် ထောပတ်တို့ကို မီးပြင်းပြင်းဖြင့် အပူပေး၍ ထောပတ်ပျော်လျှင် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မွှေးလာသည်အထိ ဆီသတ်ပါ။
၂။ မွှေးလာပါက ပုစွန်ထည့်၍ ကျက်ရုံချက်ပါ။ ကျက်လောက်ပြီဆိုပါက ကြက်သွန်မြိတ်နှင့် ဆားခတ်၍ အပေါ့အငန်မြည်းပါ။ ထို့နောက် အပူပေးထားသော ပန်းကန်ပြား ခြောက်ချပ် ထဲတွင် အညီအမျှခွဲထည့်၍ ပေါင်မုန့်ကင်၊ သံပရိုသီးစိတ်တို့ဖြင့် တွဲဖက်သုံးဆောင်ပါ။
Ref: Good Health

0 comments:
Post a Comment