www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

သီးစုံယိုးဒယားထမင်းကြော်

ပါဝင်သော ပစ္စည်းများ
ပေါ်ဆန်းမွှေး
ပန်းပွင့်
ရွှေပဲ
ဘိုစားပဲ
ဥနီ
ငရုတ်သီးအနီတောင့်
နံနံပင်
ပုစွန်
ပြောင်းဖူး (အကြီး)(အသေး)
ထောပတ်
ငရုတ်ကောင်း
နှစ်သက်ရာ အသား

ပြုလုပ်ပုံအဆင့်ဆင့်
ပန်းပွင့်၊ ရွှေပဲ၊ ဘိုစားပဲ၊ ဥနီနဲ့ ပြောင်းဖူးတွေကို သန့်စင်ပြီး လှီးထားပါ။
ဒယ်အိုးပူပူထဲ ကို ဆီနဲ့ ထောပတ် အနည်းငယ် ထည့်ပြီး ဆီပူလာရင် ကြက်ဥထည့်ပါ။
ပြီးမှ အသားထည့်ပြီး မွှေကြော်ပါ။
အသားကျက်လောက်ပြီဆိုမှ ထမင်းဖြူထည့်ပါ။
နောက်ဆုံးမှ အသီးအရွက်တွေကိုအရောင်မပြောင်းစေဖို့ ရေနွေးဖျောပြီးထည့်ပါ။
အနံ့မွှေးဖို့ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပါ။
ပန်းကန်လုံးထဲကို ငရုတ်သီးအနီတောင့်လေးတွေကိုအစောင်းလှီးပြီးခင်းပါ။
ကြော်ထားတဲ့ထမင်းကိုပန်းကန်လုံးထဲထည့်ပါ။
စားတော့ မယ်ဆိုမှ ပန်းကန်လုံးကို ပန်းကန်ပြားပေါ် မှောက်ချလိုက်ပါ။
Ref: The Myanmar Times

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်