www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ငါးတန်ချဉ်ပေါင် ချဉ်စပ်ဟင်း

ပါဝင်သောပစ္စည်းများ
ငါးတန်ဗိုက်သား - ၁၅ ကျပ်သား
ချဉ်ပေါင်ရွက် - ၂ စည်း
ငရုတ်သီးစိမ်း - ၂၀ တောင့်
နံနံပင်
ဗီနီဂါ
ဆား
ငံပြာရည်
နနွင်း
ကြက်သွန်ဖြူ
ကြက်သွန်နီ
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဆုံးလုပ်ရမှာက အနေတော်တုံးထားတဲ့ ငါးတန်ဗိုက်သားလေးတွေကို ဒိုက်နံ့ ပျောက်သွားအောင် ဗီနီဂါနဲ့ သေသေချာချာနယ်ဖတ်ပြီး ဆေးရပါမယ်။ ရေတို့နဲ့ သေချာဆေးပြီးသွားပြီဆိုရင် ဆား၊ နနွင်းတို့နဲ့ နယ်ပြီးနှပ်ထားပါ။
ဟင်းချက်အနှစ်ကတော့ အခြားဟင်းတွေလို ကြက်သွန်ဖြူနီထောင်းကို ကြက်သွန်ဖြူ ခပ်ကဲကဲလေးထည့်ပြီး ထောင်းဖို့ပါ။ ခရမ်းချဉ်သီးလေး တစ်လုံးလောက်ကို ပါးပါးလှီးပြီး ထည့်နိုင်ပါတယ်။
ဒီဟင်းရဲ့ အရသာကို အဓိကဖော်ဆောင်မယ့်ချဉ်ပေါင်ကို အရွက်တွေ သီးသန့်ခြွေပြီး မီးဖိုပေါ်တင်ထားတဲ့ အိုးလွတ်တစ်လုံးထဲကို အဖုံးအုပ်ပြီးခဏတင်လိုက်ပါ။ အရွက်တွေ နွမ်းပြီးပျော့ကျသွားပြီဆိုရင် ခဏချလိုက်ပါ။
ငါးတန်ကိုဆီသတ်တဲ့အခါမှာ နနွင်းနဲနဲထည့်သပ်ပါ။ ဟင်းအနှစ်ဆီသပ်တဲ့အခါ ငါးတန် ဗိုက်သားကို ဆီတွေစိမ့်ထွက်သွားတဲ့အထိ ဆီပူပူမှာ လှိမ့်ပြီးမှ ထက်ခြမ်းခွဲထားတဲ့ ငရုတ်သီးစိမ်းကို ဆီသတ်တဲ့အထဲ ထည့်ရပါမယ်။ ငရုတ်သီးစိမ်း မထည့်ခင် ငံပြာရည်နဲနဲ လောင်းထည့်ပြီး အနံ့ပျောက်အောင် မွှေအပြီးမှာတော့ ရေနည်းနည်းထည့်ပြီး အုပ်ထားဖို့လိုပါတယ်။
ငါးတန်အရေပြားတွေ နူးသွားလောက်မှ ခုနနွမ်းသွားပြီဖြစ်တဲ့ ချဉ်ပေါင်ရွက်တွေကို ထည့်ပြီး အလိုက်သင့်မွှေပါမယ်။ ချဉ်ပေါင် အချဉ်လေး ငါးတန်အသားထဲစိမ့်ဝင်သွားအောင် ရေနည်းနည်းထပ်ထည့်ပြီး ချဉ်ပေါင်ရွက်တွေလည်း ကြေမသွားအောင် ခပ်ဖွဖွမွှေပေးပါ။
နောက်ဆုံး ထည့်ထားတဲ့ ရေမခမ်းခင် ဆီကျန်ရေကျန် ငါးတန်ချဉ်ပေါင် ဟင်းလေးကို နံနံပင်လေးအုပ်ပြီး ချလိုက်လို့ရပါပြီ။
Ref: 7 Day News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်