ပါဝင်ပစ္စည်းများ
ကြက်သား
ပူစီနံ
ငရုတ်သီးအနီ
သံပရာသီး
ကြက်သွန်နီ/ဖြူ
Sweet chilli sauce
ငါးငံပြာရည်
ကြက်သားမှုန့်
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သား၊ ပူစီနံ၊ ငရုတ်သီးအနီနဲ့ ကြက်သွန်အဖြူအနီကို ရေဆေးပါ။ ကြက်သားကို ပါးပါးလှီးပြီး ဆီပူပူထဲမှာ နှစ်မိနစ် လောက်ကြော်၊ ပြီးရင် ပန်းကန် တစ်ခုထဲမှာ ထည့်ထားပါ။ ကြက်သွန်ဖြူနီကို လေးစိတ်စိတ်ပြီး ဆီသတ်ပါ။ ပြီးရင် ကြော်ပြီးသား ကြက်သားတွေကို ထည့်ပါ။ Sweet chilli sauce၊ သံပရာရည်၊ ငါးငံပြာရည်၊ ကြက်သားမှုန့်တွေထည့်ပြီး ရောမွှေပါ။ စိတ်ကြိုက်အရသာရပြီဆိုရင် ပူစီနံနဲ့ အရှည်လိုက်ခွဲထားတဲ့ ငရုတ်သီးကိုထည့်ပြီး ဟင်းအိုးကိုချလို့ ရပါပြီ။ ပူစီနံကို ကိုယ့်စိတ်ကြိုက် ထပ်ထည့် ပြီး ပူစီနံနံ့မွှေးမွှေးနဲ့ ကြက်သားပူစီနံကို သုံးဆောင်လို့ ရပါပြီ။
Ref: The Myanmar Times

0 comments:
Post a Comment