www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

တို့ဖူးနွေး ပူပူလေး

အခုလုပ်မဲ့ တိုဖူးနွေးက ပဲမှုန့်ကနေလုပ်တာ မဟုတ်ဘဲ Yellow Peas လို့ခေါ်တဲ့ စားတော်ပဲကနေ လုပ်မှာဖြစ်ပါတယ်။ ပဲမှုန့် အလွယ်တကူ ရှာမရရင် အခုလို စားတော်ပဲ ၊ ကုလားပဲတို့နဲ့ ပြုလုပ်နိုင်ပါတယ်။ ဒီနည်းကတော့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က ရှမ်းဆိုင်တွေမှာ ရောင်းတဲ့ တိုဖူးနွေးလုပ်နည်း ဖြစ်ပါတယ်။ ဒီနည်း ကို ပြောပြတဲ့ မူဆယ်မြို့က အစ်မကိုလည်း ကျေးဇူး တင်ပါတယ်။
ပထမဦးစွာ တိုဖူးနွေးပြုလုပ်ဖို့အတွက် စားတော်ပဲများကို ညကတည်းက ရေစိမ်ထားလိုက်ပါတယ်။
စားတော်ပဲ ရေစိမ်
Image Hosted by PicturePush - Photo Sharing
 ရေစိမ်ပြီး ပွလာတဲ့ ပဲများကို ရေအနည်းငယ်ထည့်ပြီး ခုလို မွှေစက် ( Blender ) နဲ့ နည်းနည်းစီ  ကြိတ်ခြေ လိုက်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ခုလို ညက်သွားရင် ရပါပြီ။
Image Hosted by PicturePush - Photo Sharing
 ပိတ်ပါးစ (သို့မဟုတ်) ရေစစ်ဖြင့် အရည်များကို စစ်ယူပါတယ်။ ထို့နောက် အဖတ်မှာ ကျန်နေတဲ့ အရည် များကိုလည်း ညှစ်ယူပါတယ်။
Image Hosted by PicturePush - Photo Sharing

 ခုလို အရည်တွေရပြီဆို ဆနွင်းအမှုန့်အနည်းငယ်ကို ရေနဲ့ ဖျော်ပြီးထည့်၊ ဆားသင့်တော်သလောက် ထည့်ပြီး မီးပေါ်မှာ ကျိုနိုင်ပါပြီ။
Image Hosted by PicturePush - Photo Sharing
ကျိုနေစဉ်မှာ အဆက်မပြတ်မွှေပေးရန် လိုပါတယ်။ မဟုတ်ရင် ပဲအနှစ်တွေက အောက်မှာ အနည်ထိုင်ပြီး မီးတူးသွားနိုင်ပါတယ်။
Image Hosted by PicturePush - Photo Sharing
တိုဖူးနွေးထဲ ထည့်စားဖို့ အဆာပလာတွေ အသင့်ပြင်ဆင်ထားပါတယ်။ လိုအပ်တဲ့ အဆာ ပလာတွေကတော့
၁. ငရုပ်သီးဆီကြော်
၂.ကြက်သွန်ဖြူဆီချက်
၃. နှမ်းဆီ
၎.ကြာညို့ (ကြာညို့အလွယ်တကူမရနိုင်ပါက ထန်းညက်ကို အရည်ပျစ်ပျစ် ကျိုနိုင်ပါတယ်)
၅.ချောက်ကော ပါးကောဆီချက်
၆. မြေပဲဆန်ထောင်း
၇. နှမ်းလှော်ထောင်း
၈. နံနံပင်
၉. မုန်ညင်းချဉ် တို့ဖြစ်ပါတယ်။
Image Hosted by PicturePush - Photo Sharing

ကျိုထားတဲ့ တိုဖူးများ တဖြေးဖြေးနဲ့ ပျစ်လာပါပြီ။
Image Hosted by PicturePush - Photo Sharing
တိုဖူးများ ရေခမ်းပြီး ပျစ်လာပြီဆိုရင် ရှမ်းခေါက်ဆွဲ ၊ ဆန်ခေါက်ဆွဲတို့ဖြင့် ထည့်စားလို့ ရပါပြီ။ ခေါက်ဆွဲများ မထည့်လိုပါကလည်း တိုဖူးနွေးချည်း စားနိုင်ပါတယ်နော်။
Image Hosted by PicturePush - Photo Sharing
ခေါက်ဆွဲကို သီးသန့်မပြုတ်ဘဲ တိုဖူးနွေးပူပူထဲကို ထည့်ပြီး ခဏ ထားလိုက်ပါတယ်။ ရွှေပဲရွက်ကိုလည်း တိုဖူးထဲ ထည့်ပါတယ်
Image Hosted by PicturePush - Photo Sharing
ရွှေပဲရွက်နဲ့ တိုဖူးနွေးအဆင်သင့်ဖြစ်ရင် အဆာပလာများ ထည့်လို့ရပါပြီ။
Image Hosted by PicturePush - Photo Sharing
အပေါ်က အဆာပလာများနဲ့ ဆား၊အရသာမှုန့်တို့ကို သင့်တင့်အောင် ထည့်လိုက်ရင် စားဖို့ အဆင်သင့် ဖြစ်ပါပြီ။
Image Hosted by PicturePush - Photo Sharing
မုန်ညင်းချဉ်သုပ်ကလေးနဲ့ တွဲစားနိုင်ပါတယ်။
တိုဖူးနွေးဆိုတာကတော့ ပူပူနွေးနွေးအချိန်မှသာ စားလို့ကောင်းတာပါ။ အေးသွားရင် ခဲသွားတာမို့ စားရတာ အဆင်မပြေပါဘူး။ ရှမ်းရိုးရာအစားအစာဖြစ်တဲ့ တိုဖူးနွေးနဲ့ ဒီတစ်ပတ်တော့ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်ရှင်။
အစိမ်းရောင်လွင်ပြင်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်

0 comments:

Post a Comment

Blog Archive

လပ်ကီးမြို့တော်