www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ငါးပဲငပိကြော်ချက်

ငါးပဲငပိကြော်ချက် ချက်ဖို့အတွက်  ပထမဦးဆုံး ငါးကို ရေဆေး၊ ကြေးထိုး၊ ဆားနယ်ပြီး ကြော် လိုက်ပါတယ်။
Image Hosted by PicturePush - Photo Sharing
 ငါးကို ကျက်ရုံသာ ကြော်ထားပါတယ်။
Image Hosted by PicturePush - Photo Sharing
ကြက်သွန်ဖြူ၊နီ၊ ဂျင်းတို့ကို ဆီသတ်ပြီး ခရမ်းချဉ်သီးကို ချက်လိုက်ပါတယ်။
Image Hosted by PicturePush - Photo Sharing
 တိုကျန်ခေါ် ပဲငပိ (သို့မဟုတ်) ဘူးနဲ့လာတဲ့ ပဲငပိ နှစ်သက်ရာကို ထည့်ပါတယ်။ ရေအနည်းငယ် ထည့်ပြီး ခရမ်းချဉ်သီးများ ကျက်အောင် ထားပါတယ်။ ဆား၊ ငံပြာရည် စသဖြင့် မိမိနှစ်သက်ရာကို ထည့်ပါတယ်။
Image Hosted by PicturePush - Photo Sharing
 ထို့နောက် ကြော်ထားတဲ့ငါးကိုထည့်ပြီး အချိန်အနည်းငယ်ကြာအောင် ထားလိုက်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ငရုပ်သီးစိမ်း၊ နံနံတို့ ထည့်ပြီးရင် အပေါ့အငံမြည်းကာ ချလို့ရပါပြီနော်။
ငါးပဲငပိ ကြော်နှပ်ကို စားဖို့ အဆင်သင့်ဖြစ်ပါပြီနော်။
Image Hosted by PicturePush - Photo Sharing
ထမင်းမြိန်စေမဲ့ ငါးပဲငပိကြော်ချက် ဖြစ်ပါတယ်နော်။
အစိမ်းရောင်လွင်ပြင်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

0 comments:

Post a Comment

Blog Archive

လပ်ကီးမြို့တော်